လိုတာထက်ပိုပြီး အကြွေးများနေခြင်းကို ဘယ်လိုရှောင်ရှားမလဲ။


လိုတာထက်ပိုပြီး အကြွေးများနေခြင်းကို ဘယ်လိုရှောင်ရှားမလဲ။

ငွေကြေးလုံလောက်စိတ်ချရဖို့အတွက် ဖြစ်နိုင်တဲ့ ဆူးခလုတ်တွေကို ရှောင်ရှားဖို့ ပြောပြပေးပါမယ်။ အကြွေးတွေလိုတာထက်ပိုပြီး များနေခြင်းက ဘဝအခြေအနေများစွာကို ပြောင်းလဲစေနိုင်တဲ့အတွက် ပြဿနာကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ လက်ရှိနိုင်ငံစီးပွားရေး မဖွံ့ဖြိုးမတိုးတတ်သေးတဲ့ အခြေအနေမှာ ချေးငွေလုပ်ငန်းအများစုဟာများသထက် များလာပါတယ်။ ကုန်ဈေးနှုန်းတွေတက်လာပြီး လူတွေကလည်း အလွန်အကျွံ ငွေချေးယူခြင်း၊ ပြန်ဆပ်စရာချေးငွေတွေများခြင်းကြောင့် သူတို့ရဲ့လစဉ်ဝင်ငွေ နဲ့ အသုံးစရိတ်တွေက မလုံလောက်ပါဘူး။အကြွေးသစ်မယူခင် ရှိပြီးသားအကြွေးကို ကြေအောင်အရင်ဆပ်ပါ။ နောက်ပြီး ကိုယ်တိုင်ကရော ချေးငွေအသစ်ရော အဟောင်းရော ပြန်ဆပ်နိုင်မနိုင်သေချာတွက်ချက်ပါ။

💣ဖြစ်နိုင်သလောက် ငွေနည်းနည်းဘဲချေးပါ။

အခါကြီး ရက်ကြီး လရာသီတွေဖြစ်တဲ့ သကြန်၊ သတင်းကျွတ် စတာတွေဟာ ကျွန်တော်တို့အနေနဲ့ချေးငွေ အသေးလေးတွေယူပြီး ပျော်ပွဲရွှင်ပွဲတွေအတွက် သုံးလေ့ရှိပါတယ်။ အဲဒီကနေစပြီးပိုသုံးမိတာအကြွေးပိလာတာမျိုးဖြစ်တတ်ပါတယ်။ သတိထားပါ။ သုံးစရာကြိုသိရင်ကြိုစုဆောင်းထားပါ။

💣 နှစ်ရှည်လရှည်ပြန်ဆပ်ရသော အကြွေးတွေရှောင်ပါ။

လတိုနဲ့ပိုက်ဆံပြန်ဆပ်နိုင်ရင်ယူပါ။ ငွေအမောင့်အနည်းငယ်ကို လတိုင်းဆပ်နိုင်သ၍ အဆင်ပြေပါတယ်။ ဒါမဲ့အချိန်ကြာသလောက် အတိုးနှုန်းကလည်း ပိုပေးနေရမှာပါ။

💣 ရိုးသားပွင့်လင်စွာနဲ့ချေးပါ။

ပွင့်လင်းမြင်သာမှုရှိခြင်းက အကြွေးရှင်းဖို့ အကောင်းဆုံးနည်းပါ။ ကိုယ့်ကို ငွေချေးမယ့်သူတွေက ကိုယ့်ရဲ့အခြေအနေ အနေအထားကို ကိုယ့်ကိုချေးငွေမထုတ်ချေးချင်ကတည်းက သိပါစေ။ စာရွက်စာတန်းလိမ်လည်မှာတွေလုပ်ဖို့မစဉ်းစားပါနဲ့။ အဲဒီအဆင့်အထိရောက်သွားရင်ပိုခက်ခဲတဲ့အခြေအနေတွေထပ်ပါလာပါလိမ့်မယ်။ ရိုးရိုးသားသားမပြောထားခြင်းက သင့်အနေနဲ့ နာမည်ပျက်စာရင်းသွင်းခံရနိုင်ပါတယ်။

💣 ပိုက္ဆံကို ဘတ္ဂ်တ္ တစ္ခုဆြဲၿပီးသုံးပါ။

သုံးစွဲဖို့ငွေကြေးပမာဏတစ်ခု သတ်မှတ်ပြီးတော့ အကောင့်ထဲမှာ ရှိသမျှငွေကိုအသေးစိတ်မှတ်ထားပါ။ အဲ့လိုမှတ်ခြင်းက ဘာအတွက် သုံးခဲ့လဲ နှင့် ကိုယ်ငွေဘယ်လောက်သုံးနိုင်မလဲ ဆိုတာကို သိနိုင်ပါတယ်။ အသေးသုံး စရိတ်ကအစ ပိုက်ဆံစုတာ၊ ငွေစုစရိတ် သတ်မှတ်ထားခြင်းတွေက ကိုယ့်ရဲ့ ငွေကြေးကိုထိန်းသိမ်းနိုင်ပါတယ်။ ကိုယ်သုံးသမျှကို မှတ်ပါ။ ငွေရှင်းပြေစာတွေသိမ်းပါ။ ကျပ်၊ ပြားကအစသေချာမှတ်ပါ။

💣 အချိန်မှီအကြွေးပေးပါ။

အချိန်မှန်မှန်အကြွေးပြန်ဆပ်ခြင်းက credit record ကောင်းတစ်ခုကိုရနိုင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင်တော့ ပုံမှန်ပြန်ဆပ်ရမယ့်အမောင့်ထက်ပြန်ဆပ်ပါကမြန်မြန်ကြေအောင်လုပ်လိုက်ပါ။ ဒီလိုကြိုးစားခြင်းက ချေးငွေနည်းလာအောင်ကူညီပေးပါတယ်။

နောက်ဆုံးအနေနဲ့ အရမ်းအရေးကြီးတဲ့ ငွေကြေးလုံခြုံမှုကတော့ကိုယ့်ကိုယ်ကိုအကြွေးမျာရယူပြီး အလွန်အကျွံ့သုံးစွဲတဲ့သူ အဖြစ်မခံပါနဲ့။