ဘယ်လောက်အကြွေးဆို တော်တော်များနေပြီလဲ?


ဘယ်လောက်အကြွေးဆို တော်တော်များနေပြီလဲ?

📌 အကြွေးဘယ်လောက်ကများနေပြီလဲလို့မေးလာရင် ဒီတွက်နည်းတွေက သင့်ကို အဖြေရဖို့ကူညီပေးမှာပါ။ ဒါမဲ့ အခြေခံအကျဆုံးအဖြေကတော့ ကိုယ်ဘယ်လောက်ပြန်ဆပ်နိုင်လဲဆိုတဲ့အပေါ်ဘဲမူတည်ပါတယ်။ အဲ့တော့ ' သင်အကြွေးဘယ်လောက်ကိုသင်ပြန်ဆပ်နိုင်ပါသလဲ?'

📌 တကယ်လို့ သင်က ဘေလ်ဂိတ် (Bill Gates) ဆိုရင်တော့ အကြွေးဝယ်ကတ်ထဲမှာ သိန်း ၃၀၀ ရာလောက်ရှိတာကို စိတ်ပူစရာမလိုပါဘူး။ သင်ဟာ သင်ကတော့သန်းကြွယ်ဘီလျံနာသူဌေးမဟုက်တဲ့အတွက် အကြွေးဝယ်ကဒ်ထဲမှာ ၅ သိန်းပြန်ဆပ်ဖို့လိုနေရင်လဲစိတ်ပူရမှာပါဘဲ။ တခုရှိတာက တနှစ်ကို သိန်း ၃၀၀ (သို့မဟုတ်) တနာရီ သိန်း ၃၀၀လောက်လုပ်နိုင်တယ်ဆို ငွေချေးသူတွေသုံးနေကျ အခြေခံ ဖော်မြုလာကို သုံးပြီး အကြွေးတွေက ပြဿနာတစ်ခုဖြစ်လာနိုင်လား တွက်ကြည့်လို့ရပါတယ်။ အဲ့ဒါကို 'debt-to-income ratio (DTI)' ခေါ်ပြီး သင်္ချာနည်းက အရမ်းရိုးရှင်းပါတယ်။ 'လစဥ◌်ဆပ်ရမယ့်အကြွေးပမာဏ' ÷ 'စုစုပေါင်းလစဥ◌်ဝင်ငွေ' = 'တလလျှင်ပြန်ဆပ်နိုင်မည့်ငွေပမာဏ' ရာခိုင်နှုန်းနဲ့ဖော်ပြပါလိမ့်မယ်။

📌 သင့်ရဲ့ တလတလ ပေးရမယ့်အကြွေးတွေထဲမှာ ပေးကိုပေးရမယ့်အရာတွေရှိပါတယ် အပေါင်ထားထားတာတွေ (ဒါမှမဟုတ် ငှားရန်းထားခြင်း) ၊ ကားဖိုးပေးဖို့ ၊ အကြွေးဝယ်ကတ်၊ ကျောင်းစရိတ်ချေးငွေနဲ့ အခြားသော လကုန်တာနဲ့ ပေးရမယ့် ကြွေးမှီးတွေ ရှိပါတယ်။

လစဉ်ဝင်ငွေ ဆိုတာက အခွန်မဆောင်ခင် , အာမခံကြေး, လူမှုဖူလုံရေးစတာတွေမပေးခင်က ကိုရတဲ့ ဝင်ငွေကိုပြောတာပါ။📌 ဥပမာ ကိုယ့်တလဝင်ငွေက ၁၀ သိန်း၊ ပေါင်နှံထားတာတွေအတွက်ကတစ်လကို ၃ သိန်း၊ ကားအကြွေးနဲ့ ဝယ်ထားတာအတွက်က ၁ သိန်း၊ အကြွေးဝယ်ကတ်က ၂ သိန်းဆိုပါဆို့။ အဲ့တော့ တစ်လ ပြန်ဆပ်ရမယ့် အကြွေးပမာဏ က တစ်လကို ၆သိန်း။ အခု သင်္ချာတွက်နည်းနဲ့တွက်ကြည့်ရအောင်....'လစဉ်ဆပ်ရမယ့်အကြွေးပမာဏ (၆၀၀၀၀၀)' ÷ ' စုစုပေါင်းလစဉ်ဝင်ငွေ(၁၀၀၀၀၀၀)' = 'ဝ.၆၀ (or) ၆၀%' ရလဒ်ကတော့မကောင်းပါ။ ကိုယ့်ရဲ့ DTI က ၅၀ ရာခိုင်နှုန်းထက်ပိုမြှင့်နေတယ်။ သင့်အနေနဲ့ အကြွေးဆပ်ဖို့ကို ခက်ခဲတဲ့ အချိန်တွေနဲ့ကြုံရပါလိမ့်မယ်။ ငွေချေးတဲ့သူအများစုကတော့ DTI ၃၆ ရာခိုင်နှုန်းလောက်ကတော့ လက်ခံလို့ရပြီး သင့်ကို ပိုက်ဆံချေးတဲ့အခါကြရင်တော့ ပုံမှန်ထက်လျှော့ပြီးဘဲချေးပါလိမ့်မယ်။

📌 ငွေကြေးဆိုင်ရာအကြံပေးတဲ့သူအများဆုကတော့ DTI ၂၀ ရာခိုင်နှုန်းထက်မြှင့်နေရင်သင့်ဟာအကြွေးတွေအများကြီးယူထားပါတယ်တဲ့။ အခြားသူတွေကတော့ DTI ၂၈ ရာခိုင်နှုန်း ကတော့ နောက်ဆုံးအနေနဲ့ လက်ခံပေးလို့ရပါတယ်။ အမှန်ကတော့ DTI က လက်နဲ့တွက်ချက်ရုံပါ။ အကြွေးဘယ်လောက်က သင့်ရဲ့ ငွေကြေးဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ညွှန်ပြပေးနိုင်တာမရှိပါဘူး။