ငွေပိုများများရလာနိုင်အောင်ဘယ်လိုလုပ်မလဲ။


ငွေပိုများများရလာနိုင်အောင်ဘယ်လိုလုပ်မလဲ။

📌ရေ ရှည်အတွက် ငွေကြေး အစီအစဥ◌်လုပ်ထားပါ။

ငွေကြေးနဲ့ပက်သက်တဲ့ ကောင်းမွန်တဲ့ အကျင့်တွေ မွေးမြူဖို့ အကြောင်းအရင်းလိုနေပါသလား? ရေရှည် အစီအစဥ◌်တစ်ခုသာ ဆွဲထားမယ်ဆို အဲ့ဒီဟာက သင့်ရဲ့ ငွေကြေးရည်မှန်းချက် တွေဆီရောက်အောင် ကူညီပေးနိုင်ပါတယ်။

📌ငွေကြေးနဲ့ ပက်သက်တဲ့ အသေးစိတ် ပန်းတိုင်တွေချထားပါ။

ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ဖြစ်လာဖို့အတွက် စကားနဲ့ပြောလို့မရပါဘူး။ ကိန်းဂဏန်းတွေ နဲ့ ရက်စွဲတွေ ကိုအသုံးပြုပါ။အကြွေးဘယ်လောက် ဆပ်ချင်တာလဲ ပြီးတော့ဘယ်အချိန်လဲ? ဘယ်ရက်မှာငွေဘယ်လောက်စုချင်တာလဲ?

📌ငွေကြေးအလွန်သုံးစွဲတဲ့ မာနတွေကို စွန့်လွှတ်ပါ။

ကိုယ် ငွေဘယ်လိုသုံးစွဲမလဲဆိုတာကို အကောင်းမြင်တဲ့ဘက်ကနေစာစုလေးတစ်ကြောင်းထုတ်ကြည့်ပါ။ ဥပမာ ဒီပစ္စည်းကိုဝယ်တာက ဘာလီကိုနောက်နှစ်သွားဖို့စုတာထက်ကောင်းလို့လား?စသဖြင့်မေးကြည့်ပါ။ ဒါမှမဟုတ် ငါက ပမာဏတစ်ခုတန်ဖိုးသက်မှတ်ပြီး အထက်ပစ္စည်းတွေဘဲဝယ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။

📌ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးပါ။

အမြဲတမ်းကြားနေကြ စကားဖြစ်နိုင်တယ် ဒါမဲ့ဒါကတကယ် အလုပ်လုပ်ပါတယ်။ အကြွေးကိုဆပ်နိုင်ခဲ့ပြီးတဲ့နောက်မှာ ငွေကြေးသုံးစွဲမှု ကို စည်းစနစ်ကျ ထိန်းချုပ်နိုင်ခြင်းဟာကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်းဆိုတာနားလည်ခဲ့ပါတယ်။

📌ကောင်းကောင်းသုံးလို့ရတဲ့ငွေပမာဏတစ်ခုကို သတ်မှတ်ပြီး ပန်းတိုင်မှတ်ထားပါ။

လေ့လာချက်တစ်ခုအရ အရမ်းဝေးတဲ့ ရည်မှန်းချက်တွေက တကယ် ဖြစ်လာဖို့ အခွင့်အရေးနည်းပါတယ်။အဲ့တော့ တကယ်လို့ကိုယ်က ရည်မှန်းချက်အကြီးကြီးထားမယ် (အိမ်ဝယ်မယ်),ဆိုရင် အချိန်တို ရည်မှန်းချက်လေးတွေအရင်ထားဖြစ်အောင်လုပ်ပါ နောက်၆လနေရင် ခရီးထွက်ဖို့ အပတ်တိုင်း တတ်နိုင်သလောက် ပိုက်ဆံစုသလိုမျိုးပေါ့။

📌ကိုယ့်ကိုက အဆိပ့်သင့်စေမယ့် ငွေကြေး အကြောင်းအရာတွေကို နှင်ထုတ်ပါ။

တကယ်ဖြစ်လာမယ့် အရာတွေ‌ရေ တကယ်လို့ သင်က မစတင်ခင်မှာဘဲစိတ်ဓာတ်ရေးရာက နှိမ့်ကျနေပြီဆို ကိုယ်ကိုကိုယ် ကျရှုံးဖို့ အရှုံးပေးလိုက်တာပါ။ဒါကြောင့် အရမ်း စိတ်ဓာတ်ကျမလွယ်ပါနဲ့ အကောင်းမြင်တဲ့ ဘက်ခြမ်းကို ပြောင်းတွေးလိုက်ပါ။

📌ကိုယ့်ရဲ့ငွေကြေးကို အကောင်အထည်ရုပ်လုံးပေါ်လာအောင် လုပ်ပါ။

လေ့လာချက်တစ်ခုအရ ကြိမ်ဖန်များများလေ့ကျင့်လေ ပိုက်ဆံပိုရလေဘဲ ဘာလို့ဆို ချွေးထွက်အောင်အလုပ်လုပ်လေ ကိုယ့်ကပိုမိုဖြစ်ထွန်းလာဖြစ်တဲ့အတွက်ကြောင့်ပါ။ ပုံမှန်အတိုင်းသာပြေးနေမယ်ဆိုရင် သင့်ရဲ့ ဘဏာရေးက တိုးတတ်လာပါလိမ့်မယ်။ ထပ်ပြောရရင် ကိုယ့်ရဲ့ အလေ့အကျင့် နှင့်စည်းမျဥ◌်းစည်းကမ်း တွေနဲ့လည်းဆိုင်သလို မာရသွန်ပြေးတယ်ဆိုတာ ကိုယ့်ဝင်ငွေထွက်ငွေကို ကောင်းစွာစီမံတတ်ဖို့လည်းလိုပါတယ်။