အလုပ်ကအနားယူပြီးချိန်အတွက်ဘယ်လိုငွေစုထားကြမလဲ။


အလုပ်ကအနားယူပြီးချိန်အတွက်ဘယ်လိုငွေစုထားကြမလဲ။

မြန်မာပြည်မှအစိုးရဝန်ထမ်းကလွဲရင် အလုပ်နားပြီးရင် ရခွင့်ရှိတဲ့ပင်စင်လခ စနစ်ကောင်းကောင်းမရှိပါဘူး။ အလုပ်နားတဲ့အချိန်မှာကိုယ့်ဘာကိုပဲတာဝန်ယူပြီးဆက်သွားလို့ရပါမယ်။ ကိုယ်ပိုင်အလုပ်လေးစထားရင်တော့ဝင်ငွေရှိနိုင်တာပေါ့။ ဒါပေမယ့်အဲလိုမျိူးမစီမံနိုင်ခဲ့ရင်အလုပ်ဆုတ်ခွာတဲ့ အချိန်မှာလုံလောက်သောစုဆောင်းငွေရှိထားဖို့လိုပါတယ်။ စောစောစစုမှ အဲဒီအချိန်ရောက်ရင် များများကျန်ပါလိမ့်မယ်။

ပြီးတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အတွက် အရမ်းအားနည်းနေပါတယ်။ ဒါတွေပြုပြင်ပြောင်းလဲဖို့လဲ နှစ်တွေအများကြီးကြာပါအုံးမယ်။ အလုပ်အနားယူချိန်မှာ ကျန်းမာရေးကောင်းမွန်နေရင် စုဆောင်းထားတဲ့ငွေနဲ့လောက်နိုင်သော်လည်း ကျန်းမာရေးအခြေအနေအခက်အခဲဖြစ်လာတဲ့အခါကျန်းမာရေးအာမခံ အစီအစဉ်ကို သေချာလုပ်နိုင်တာ မရှိသေးတဲ့အတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်ပြီးစုဆောင်းထားဖို့ ရည်ရွယ်ချက်ရှိမှရပါမယ်။ သားသမီး မိသားစုရှိတော့ စုစရာမလိုဘူးလို့ မှတ်လို့လဲမရပါဘူး။ ဘဝမှာ ရည်မှန်းချက်အတိုင်းမဖြစ်လာတာတွေအများအပြားရှိတတ်ပါတယ်။

🎯 တတ်နိုင်သလောက်မြန်မြန်စစုပါ။

ဒီနေ့ပဲစလိုက်ပါ။ မနက်ဖြန်စမယ်၊ လကုန်လစာရတဲ့နေ့မှလုပ်မယ်၊ လစာတိုးတဲ့အချိန်ကနေစလုပ်မယ်လို့မတွေးပါနဲ့။ ငွေနေ့စဉ် လစဉ်နှစ်စဉ် စုဆောင်းဖို့အမြန်ဆုံးဆောင်ရွက်လိုက်ကြပါ။

🎯 စုထားတဲ့ငွေကို ထုတ်မသုံးမိစေဖို့ ဖြစ်နိုင်သမျှ ရှောင်ပါ။

စုထားတဲ့ငွေကိုမဆင်ခြင်ပဲ ထုတ်သုံးခြင်းကသင့်ကိုရေရှည် အတွက်အထိနာစေပါတယ်။ လခစားအလုပ်ကအမြန်ဆုံးနားချင်ရင်အလုပ်ကြိုးစားပြီးငွေစစုပါ။ အသောက်အစားအဝတ်အစားပစ္စည်းအသစ်ဝယ်ချင်တာသုံးပြချင်တာတွေလျော့ပါ။ ဒါတွေဝယ်တိုင်း အခွန်ဆောင်နေရတယ်ဆိုတာသတိရှိလိုက်ပါ။ ဒါကကိုယ့်စုငွေတွေလျော့လျော့သွားစေတဲ့ကိစ္စတွေပါ။

🎯 အလုပ်အနားယူချိန်အတွက်သွယ်ဝိုက်ဝင်ငွေ (passive income) ရရှိအောင်စပြီးထူထောင်ပါ။

အနည်းဆုံးအနေနဲ့ဘဏ်မှာငွေစုထားပြီးရတဲ့အတိုးနှုန်းကိုပြန်သုံးဖို့စဉ်းစားထားပါ။ အပြင်ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်နိုင်ဖို့ရင်းနှီးမြုပ်နံဖို့ငွေစစုကြပါ။