အကြွေးအသေးတွေကိုနည်းစနစ်ကျကျဆပ်ရင်အကြွေးအကြီးတွေကိုလဲမကြာမှီပြန်ဆပ်နိုင်ကောင်းလိမ့်မယ်။


📍 အကြွေးအသေးတွေကိုနည်းစနစ်ကျကျဆပ်ရင်အကြွေးအကြီးတွေကိုလဲမကြာမှီပြန်ဆပ်နိုင်ကောင်းလိမ့်မယ်။ တစ်ချို့ကျွမ်းကျင်သူတွေကပြောတယ်ပြန်ဆပ်ရမယ့်အကြွေးတွေများနေရင် ပမာဏနဲ့တဲ့အချေးငွေတွေအရင်ဆပ်ပါ။ ဒီလို့ဆပ်ဆပ်ရင်းနဲ့ကိုယ့်စိတ်ထဲမှာယုံကြည်အယမှုပိုပွားလာပြီးချေးငွေအကြီးစားတွေကိုလဲရှင်းနိုင်လာမယ်။ အတိုးနှုန်းအများဆုံးချေးငွေကိုအရင်ဆုံးအမြန်ပြန်ဆပ်ဖို့ဆောင်ရွက်ပါ။

📍 ချေးငွေလျောက်လွှာတစ်ခုမှာ အလွယ်တကူထောက်ခံသူအရပဲဖြစ်စေအာမခံအရပဲဖြစ်စေပူးတွဲလက်မှတ်မထိုးပါနဲ့။ တကယ်လို့ငွေချေးတဲ့သူကသူငယ်ချင်းမိသားစုဝင်တခြားသောအသိမိတ်ဆွေဘယ်သူဘဲဖြစ်ဖြစ်က အကြွေးပေးဖို့ ကျန်နေတယ်ဆို ငွေချေးပေးထားတဲ့သူက သင့်ဆီကိုအကြွေးလာတောင်းပါလိမ့်မယ်။ အဲ့တာက ခင်မင်မှုကို ဖျက်ဆီးပါလိမ့်မယ်။

📍့အိမ်ပေါင်နှံစာချုပ်နဲ့ချေးငွေယူတာဘဲဖြစ်ဖြစ်နေထိုင်ဖို့အိမ်အတွက်ရေရှည်ချေးငွေနဲ့ပေးဆောင်ခဲ့သည်ဘဲဖြစ်ဖြစ် ကိုယ့်မိသားစုဝင်ငွေရဲ့ ပျှန်းမျှ ၂၈% အောက်မှာလောက်ပဲရှိသင့်ပါတယ်။ အကြမ်းဖြင်း သင်က ဘယ်လိုအိမ်အမျိုးအစားကိုဝယ်နိုင်မလဲ ဆိုတာကိုတွက်ခြင်းပါ။ ကိန်းဂဏန်းတွေအကြောင်းအရင်အသေးစိတ်လေ့လာပါ။ တခြားသူတွေဘယ်လိုလုပ်လဲမေးပါ။

📍 ချေးငွေနဲ့ကားဝယ်မယ်ဆိုရင်လဲလစဉ်ပေးဆပ်ရမယ့်ပမာဏက ကိုယ့်လစာရဲ့ ၁၀-၁၅% ဝန်းကျင်ထက်ပိုပေးရမယ်ဆိုရင်အရန်းဈေးများတဲ့ကားတွေကိုမဝယ်သင့်ပါဘူး။

📍 အကြွေးတွေလုံးဝမပွားလာဖိူ့အတွက်အရေးအကြီးဆုံးမှတ်ချက်ကတော့ အသုံးအဖြုံးကိစ္စတွေကိုရပ်တားမှုပါပဲ။ အမြဲတန်းဘာလိုဝင်ငွေရရပိုစုနိုင်အောင်လုပ်ကြပါ။ ၅၀/၃၀/၂၀ ဆိုတဲ့စီမံကိန်းနဲ့လုပ်ပါ။ လစဉ်ရတဲ့ဝင်ငွေရဲ့ ၅၀% ကိုတကယ်လိုအပ်တဲ့ အိမ်အဆောင်ခ အစားအစာမိသားစုကုန်ကျငွေခရီးစရိတ် ချေးငွေပြန်ဆပ်ဖို့အတွက်ပေးဆောင်ပါ။ ၃၀% ကို လိုချင်တပ်တဲ့ဖျော်ဖျေရေးအပန်းဖြေခရီးထွက်လမ်းတွေအတွက်ဖယ်ထားလိုက်ပါ။ ကျန်တဲ့ ၂၀% ကိုတော့ တချိန်ချိန်ရောက်ချင်တဲ့ရည်မှန်းချက်တွေ ကျန်းမာရေးပညာရေးအတွက်ငွေစုဆောင်းပါ။