ငွေကြေးတစ်ခုသတ်မှတ်ပြီး အချိန်ကာလပါ သတ်မှတ်ထားပါ။


🎈ငွေကြေးတစ်ခုသတ်မှတ်ပြီး အချိန်ကာလပါ သတ်မှတ်ထားပါ။

ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်တိုင်းအတွက် ဒါကအစပါ။ တစ်ကိုယ်ရည် သုံးဖို့ ငွေကြေးအတွက် အချက်လေးတွေမှတ်ရအောင်ထားပါ။

🎈ကုန်သွားတဲ့ ပိုက်ဆံ တွေအတွက် ပြန်စဉ်းစားပါ။

တကယ်လို့ ကိုယ်က တောက်လျှောက် ငွေအလွန်အကျွံ သုံးစွဲ မိနေပြီဆိုရင် ဒီပုံစံက သင့်ကို ပျက်စီးစေပါလိမ့်မယ်။ ကျွန်တော်တို့ပြောတာ မယုံဘူးလား? ငွေကြေးလျှော့သုံးခြင်းက လူတွေရဲ့ အသက်ကို ပြောင်းလဲနိုင်ပါတယ်။ ပြီးတော့ အမျိုးသမီး တစ်ယောက်က ပိုက်ဆံလိုချင်ပြီဆို သူ့အနေနဲ့ နားလည်သင့်တာက သူထင်သလောက် ကြောက်ဖို့မကောင်းဘူးဆိုတာပါဘဲ။ တကယ်ဟုတ်ရဲ့လား?

🎈နေ့စဉ် ငွေကြေးသုံးစွဲမှု ကိုပြန်လည်သုံးသပ်ဖို့ အချိန်ယူပါ။

နေ့တိုင်း တစ်မိနစ်လောက်အချိန်ယူပြီး တနေ့တာကိုရဲ့ ငွေကြေးသုံးစွဲမှုအပေါ် စစ်ဆေးဖို့ပါ။ ဒီစက္ကန့် ၆၀ က ဘယ်ဟာက ပြဿနာဖြစ်နေလဲ ချက်ချင်းသိနိုင်တယ်, ကိုယ့်ရဲ့ ရည်မှန်းချက်ကိုလည်း trackလုပ်နိုင်တဲ့ အပြင် တနေ့တာလုံးရဲ့ အသုံးစရိတ် ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

🎈အနည်းဆုံး ကိုယ့် income ရဲ့ ၂၀% ကို အရေးကြီး သုံးဖို့ ဖယ်ထားပေးပါ။

အဓိက ထားပြီးခွဲမယ်ဆို .အရေးပေါ်သုံးဖို့ ငွေအကြွေးဆပ်ဖို့ ငွေ နဲ့ နောက်ဆုံး ကိုယ် အလုပ်မှ အနားယူတဲ့ အခါ သုံးဖို့ငွေဆိုပြီး စုထားရပါမယ်။ စုရမယ့် ရာခိုင်နှုန်းများတယ်လို့မြင်နေတာလား? ဘာလိုဒီ ရာခိုင်နှုန်းကို စုခိုင်းလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။

🎈ကိုယ့်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဘဝနေထိုင်မှုမှာ သုံးဖို့ဖယ်ထားပါ။

အဲ့ထဲမှာ ရုပ်ရှင်ကြည့်တာ, စားသောက်ဆိုင်သွား နဲ့ ပျော်ရွှင်ချိန်အတွက် သုံးတာတွေပါ။ ၃၀% စည်းမျဉ်းကိုထည့်သုံးခြင်းဖြင့်ကိုယ့်အနေနဲ့သူစုဆောင်းမိနိုင်သလိုတချိန်ထဲမှာဘဲစည်းကမ်းရှိဖို့လိုပါတယ်။