ငွေကြေးနှင့် အိမ်ထောင်ရေး “ကောင်းမွန်တဲ့ အိမ်ထောင်ရေးအတွက် အကြံပေး ၇ချက်


ငွေကြေးနှင့် အိမ်ထောင်ရေးကောင်းမွန်တဲ့ အိမ်ထောင်ရေးအတွက် အကြံပေး ၇ချက်

ငွေကြေးနဲ့ အိမ်ထောင်ရေး ပေါင်းစည်းလိုက်ခြင်းက ပြဿနာတွေ ပေါင်းစည်းခြင်းလို့ သင်ထင်ပါသလား။ သင်တယောက်ထဲမဟုတ်ပါဘူး။ ငွေကြေးဟာ အိမ်ထောင်သည်တွေရန်ဖြစ်ရတဲ့ အဓိက နံပါတ်တစ်အချက်ပါ။ ကွာရှင်းပြတ်စဲခြင်းကို ဖြစ်ပေါ်စေတဲ့ ဒုတိယအချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ငွေကြေးအကြောင်းကို ပုံစံအမျိုးမျိုးနဲ့ ပြောကြတဲ့အခါမှာ ကျွန်တော်တို့ စိတ်ပူပန်မှုနဲ့ တင်းမာမှုကို ကြုံတွေ့ရပါတယ်။ သင့်အိမ်ထောင်ဖက်ကို သင်ဘယ်လောက်ဘဲချစ်ချစ် သင့်ဘဝနဲ့ ငွေကြေးကို ပေါင်းစည်းတဲ့အခါ အနည်းငယ် အဖုအထစ်တော့ရှိနိုင်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ သင်တို့နှစ်ယောက်လုံးက ဘဝအတွေ့အကြုံ တွေရလာပါလိမ့်မယ်။ ရလာတဲ့အတွေ့အကြုံကို တယောက်နဲ့ တယောက် ခံယူပုံခြင်း ကွာခြင်းခြင်းကြောင့် တယောက်နဲ့တယောက် ငွေကြေးအပေါ်မြင်တဲ့ အမြင်မတူညီကြပါဘူး။ တယောက်ကို တယောက် ကျေးဇူးတင်ကြပါ။ အောက်ပါအချက်တွေကို အသုံးပြုကြပါ။

၁။ Joint ဘဏ်အကောင့်တစ်ခု ဖွင့်ထားပါ။

တချို့ စုံတွဲတွေထင်တာက ငွေကြေးနဲ့ ပက်သက်ပြီး အငြင်းပွားရန်ဖြစ်တာကိုရှောင်ရှားဖို့က ဘဏ်အကောင့်တွေကို သက်သက်စီထားကြဖို့လို့ ထင်ကြပါတယ်။ သူရဲ့ဝင်ငွေက ဘဏ်အကောင့်တခုကို ဝင် သူမရဲ့ ဝင်ငွေက နောက်ဘဏ်အကောင့်တစ်ခုကိုဝင် ပြီးတော့ သူတို့က ပေးစရာရှိတဲ့ ဘေလ်တွေကိုလည်း သီးသန့်စီ ပေးဆောင်ကြတယ်။ နစ်နာစရာမရှိရင် ပြဿနာတတ်စရာလည်း မရှိဘူးဟုတ်။ မှားပါတယ်။ ဒါဟာ သင်ရဲ့ ငွေကြေးနဲ့ အိမ်ထောင်ရေးအတွပ် အဓိကပြဿနာ ဖြစ်စေတဲ့ အခြေခံအကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ ဒါမဲ့ သိထားသင့်တာ တစ်ခုက လက်ထပ်တယ်ဆိုတာ အကျိုးတူပူပေါင်းခြင်းတစ်ခုပါဘဲ။ အရာရှိတယောက်ကတော့ ဒီလိုပြောတယ် 'နှစ်ယောက်ကနေ တယောက်အနေနဲ့ပေါင်းစည်းလိုက်တာလို့'။ ငွေကြေးပိုင်ခြားခြင်းနဲ့ ဘေလ်ကို ခွဲခြား ပေးဆောင်ခြင်းက ငွေကုန်ကြေးကြပိုများစေခြင်းနဲ့ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးပြဿနာများကိုသာ ဖြစ်ပေါ်စေပါတယ်။ သီးသန့်ဘဏ်အကောင့်တွေ ခွဲမထားပါနဲ့။ ဝင်သမျှဝင်ငွေအားလုံးကို တူတူထားပါ။ ပြီးရင် စုစုပေါင်းဝင်ငွေအနေနဲ့ ကြည့်ပါ။၂။ သင်နေချင်တဲ့ ဘဝလူနေမှုပုံစံကို နှစ်ယောက်အတူ ဆွေးနွေးတိုင်ပင်ကြည့်ပါ။

သင်ဟာ အဝတ်အစားအသစ်လိုအပ်လာတဲ့အခါ 'Good Will' မှာ shopping ထွက်ရုံနဲ့ လုံလောက်ပေမဲ့ သင့်အိမ်ထောင်ဖက်ကတော့ နာမည်ကြီးတံဆိပ်တွေကို စျေးကြီးဝယ်ရတာနှစ်သက်တယ် ဆိုပါစို့။ သင့်ဝင်ငွေက စျေးကြီးအဝတ်အစားတွေအတွက် မတတ်နိုင်ဘူးဆိုရင် ဒါဟာ ပြဿနာတစ်ခုဖြစ်လာတော့မှာပါ။ ထိမ်းမြားလက်ထပ်တယ်ဆိုတာ အပေးအယူလုပ် ပြီး ညှိနှိုင်းခြင်းတမျိုးပါဘဲ။ တကယ်လို့ တယောက်က စျေးကြီးတာတွေကို ကြိုက်နှစ်သက်တယ်ဆို Outlet တွေရောင်းတဲ့ စျေးဝယ်စင်တာတစ်ခု မှာ အဲ့နာမည်ကြီးအထည်တွေကို သက်သာတဲ့စျေးနဲ့ ဝယ်ဖို့ကို စဉ်းစားကြည့်ပါ။ဘာလို့ဆိုအဓိက အခြေခံအချက်က သင့်ရဲ့ လူနေမှု ဘဝ ပုံစံက သင့်တကယ့်ဝင်ငွေနဲ့ ညီမျှနေဖို့ လိုပါတယ်။ သင်လိုချင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ သင့်အနေနဲ့ အင်စတာဂရမ် ပုံစံမျိုး လုံးဝပြီးပြည့်စုံတဲ့ ပုံစံမျိုးနေချင်ကောင်းနေနိုင်ပါမယ်။ ဒါမဲ့ သင့်ကိုသင် ဒီလိုပုံမျိုး ထောင်ချောက်ထဲ အကျမခံပါနဲ့။ အထူးသဖြင့် သင့်ဘဏ်အကောင့်ထဲမှာ သုည တွေ လုံလုံလောက်လောက်မရှိသေးတဲ့ အခါမျိုးမှာပေါ့။

၃။ သူများနဲ့မတူနဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနေပါစေ။

ငွေကြေးနဲ့ပက်သက်ပြီး လူတိုင်းရဲ့ စိတ်နေသဘောထားက မတူညီကြပါသလို တပ်မက်ပုံချင်းကလည်းကွာခြားပါတယ်။ အခွင့်အရေးဆိုတာ သင်ချစ်တဲ့ သူတစ်ယောက်က ကိန်းဂဏန်းတွေနဲ့ အလုပ်လုပ်ပြီး ကျန်တယောက်က လွတ်လပ်စာ လုပ်ကိုင်ရတာကို ကြိုက်နှစ်သက်တာမျိုးပါ။ တယောက်ကစုဆောင်းသူဖြစ်ပြီး ကျန်တယောက်က သုံးဖြုန်းရတာကို နှစ်သက်ပါလိမ့်မယ်။ သင်ဟာဘယ်လိုလူမျိုးလဲ။ လုံခြုံမှုကိုတန်ဖိုးထားတာလား အဆောင်အယောင်တွေကိုလား။ လူနေမှုပုံစံ ကွာခြားတဲ့အခါ အချို့သော အိမ်ထောင်ရေးပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။ဒါစာ ငွေကြေးနဲ့ အိမ်ထောင်ရေးအတွက် အဓိက ကျတဲ့ပြဿနာတောင်မဟုတ်သေးပါဘူး။ ပြဿနာရဲ့အဓိက အချက်က တယောက်ပြောတာကို ကျန်တယောက်ကလျစ်လျူရူတဲ့ အခါ (သို့) တယောက်ထဲကသာ ငွေကြေးပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ဖြစ်ပါတယ်။ နားထောင်ပါ။ ငွေကြေးနဲ့ပက်သက်သမျှအားလုံးကို သင်တယောက်ထဲ မထိန်းသိမ်းထားပါနဲ့။ တခုခုဆို အမြဲခေါင်းညိတ်ပြီး “နင်နဲ့ အရမ်းလိုက်တာဘဲ” မလုပ်ပါနဲ့။ သင့်မှာ ငွေကြေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဝေဖန်ပါ။ ထောက်ပြပါ။ အားပေးပါ။

၄။ လစာ ကွာခြားခြင်းကိစ္စတွေ သင်တို့နှစ်ယောက်ကြားထဲ မဝင်လာပါစေနဲ့။

စုံတွဲအများစုမှာ တယောက်ကတော့ ကျန်တယောက်ထက် ငွေပိုရှာနိုင်စမြဲပါ။ တူညီတဲ့လစာကို နှစ်ယောက်အတူရှာနိုင်တယ်ဆိုတာ တော်တော်ရှားပါတယ်။ ဒါမဲ့လည်းပမာဏက တနှစ်ကို ဒေါ်လာ ၅၀ (သို့) ၅၀၀၀၀ဆိုရင် တူညီတဲ့ ပြဿနာက ပေါ်လာနိုင်ပါသေးတယ်။ ငွေတွေအားလုံးကို ငါတို့ရဲ့ ငွေတွေလို့တွေးရမယ့်အစား သင်က သင့်အိမ်ထောင်ဖက်အပေါ်သြဇာလွှမ်းမိုးမှုရှိတယ်လို့ သင်ထင်နေပါလိမ့်မယ်။ ဒါဟာ သူ့ပိုက်ဆံလည်းမဟုတ်သလို သင့်ပိုက်ဆံလည်းမဟုတ်ပါဘူး။ သင်တို့ပိုက်ဆံဖြစ်ပါတယ်။ တခြားတယောက်ထက်ပိုရှာနိုင်ရမယ်ဆိုပြီး မရှိပါဘူး။ သင်တို့ဟာ တသင်းထဲပါ။ တခြားတဖက်မှာတော့ ဝင်ငွေရှာနိုင်တာနည်းပြီး အိမ်မှာဘဲ ကလေးတွေနဲ့နေရတဲ့သူကတော့ သူတို့အများကြီး မပြောသင့်ဘူးလို့ထင်မှာပါ။ အိမ်မှာနေတဲ့ အမေအများစုက သူတို့အနေနဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ တခုခုဝင်ပြောတာ(သို့) လိုအပ်တာထက်ပိုပြီး ပိုက်ဆံသုံးဖို့ကို အပြစ်ရှိတယ်ခံစားရတယ်လို့ ကျွန်တော်ကြားဖူးပါတယ်။ သင့်အနေနဲ့ ငွေကြေးနဲ့ လက်ထပ်ခြင်းကို တန်းတူရပိုင်ခွင့်ရှိပါတယ်။ သင်အနေနဲ့ နည်းလမ်းပေါင်းစုံကနေ ငွေကြေးစုဆောင်းထားပြီးသားပါ။

၅။ ဝယ်ယူမှုများကို စာရင်းပြုမှတ်ထားပါ။

ကိစ္စတိုင်းမှာ သင့်အိမ်ထောင်ဖက်ကို သစ္စာမဲ့ခြင်းမပါဝင်ပါဘူး။ တခါတလေ ငွေကြေးရည်မှန်းချက်ခြင်းမတူညီတဲ့အခါ တခြားဘဏ်အကောင့်တခု အပိုဖွင့်ပြီး ငွေကြေးသုံးစွဲခြင်းဖြင့် သစ္စာမဲ့တတ်ပါတယ်။ ဒါဟာလှည့်စားခြင်းပါ။ သင့်အိမ်ထောင်ဖက်မသိဘဲ အကြွေးဝယ်ကတ် သုံးတဲ့အခါမှာလဲ ဒီလိုပါဘဲ။ သင့်မှာ ရှိတဲ့ အကြွေးဝယ်ကတ်၊ ငွေစုအကောင့်တွေကို ပွင့်ပွင့်လင်းလင်း ပြောရတာဟာ ရက်စက်ရတော့ကျပါတယ်။ ဒါမဲ့ ဒီအချိန်က အမှန်တိုင်းပြောပြီး ရှင်းလင်းရမယ့်အချိန်ပါ။ သင့်ရဲ့ ရည်ရွယ်ချက်နဲ့ သင်ဘာကြောင့် ငွေကြေးရည်မှန်းချက်ထားထားလည်းဆိုတာ သတိရပြီး ပြန်စုပါ။

၆။ မျှော်လင့်ချက် တူတူထားပါ။

လူနှစ်ယောက်ဆက်ဆံရေးနဲ့ ပိုက်ဆံနဲ့ ပက်သက်လာတဲ့အခါ မျှော်မလင့်ထားတဲ့ အရာတွေကြောင့် အငြင်းပွားမှုတွေဖြစ်နိုင်ပါတယ်။ သင့် အိမ်ထောင်ဖက် အနေနနဲ့ မပြည့်စုံခြင်းနှင့်မကျေနပ်မှုခံစားရရန်အမြန်ဆုံးနည်းလမ်းက သင်မျှော်လင့်ထားတာတွေက ပုံမှန်ထက်မထူးခြားလာတာမျိုးပါ။ တကယ့်လက်တွေ့မှာတော့ နည်းနည်းခက်ခဲတတ်ပါတယ်။လက်ထပ်ပြီးတာနဲ့ အိမ်ချက်ချင်းဝယ်ရမယ်လို့ သင်ထင်နေရင် သင်ငှားထားတဲ့အိမ်မှာ ပထမဆုံးအကြိမ် နှစ်ပတ်လည်ကျင်းပရတာက သင့်အတွက် စိတ်ပျက်စရာဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကြောင့် ငွေကြေးနဲ့ အိမ်ထောင်ရေးကို ပြဿနာမဖြစ်ပါစေနဲ့။

၇။ ကလေးတွေကြောင့်ဆိုပြီး မဖြစ်ပါစေနဲ့။

သင့်ကလေးတွေက နောက်ဆုံးပေါ်ဂိမ်းကို တောင်းဆိုနေမယ်။ သင်ကတော့ သူတို့တွေဘယ်လိုပြုမူမလဲဆိုတာကိုတွေးပူနေပါမယ်။ သင့်အိမ်ထောင်ဖက်ကတော့ ဝင်ငွေနဲ့မကိုက်ညီတာမို့လို့ စိတ်မချမ်းမြေ့ဖြစ်နေပါလိမ့်မယ်။ အရုပ်ဝယ်ပေးတယ်၊ မုန့်ဖိုးပေးတယ် (သို့) အားကစားပစ္စည်းဝယ်ပေးသည်ဖြစ်စေ ကလေးအနေနဲ့ ငွေကြေးအပေါ်မြင်တဲ့အမြင်ကတော့ ကွဲပြားပါလိမ့်မယ်။ သင့်အနေနဲ့ တူတူတိုင်ပင်ဆွေးနွေးပြီး အစီအစဥ်တစ်ခုချဖို့လိုပါတယ်။ သင်ကလေးလိုအပ်ချက်တွေအတွက် ဘယ်လိုမျိုးငွေကြေးအစီအစဥ်ဆွဲမလဲဆိုတာ။ ဒါမဲ့ သူတို့ရဲ့ ဂဂျီဂျောင်ကျတာတွေရော...သူတို့ကူညီပေးတဲ့အလုပ်တိုင်းအတွက် အကျိုးခံစားခွင့်ပေးပါ။ ဒါဟာသူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို တိုးတတ်လာစေပြီး ဘဝမှာ သင်လိုချင်တဲ့အရာတွေကို စောင့်ဆိုင်းဖို့က ဘယ်လောက်ထိ အရေးကြီးကြောင်း သင်ပေးရာလည်းရောက်ပါတယ်။