ငွေကြေးပူပန်ရခြင်းကြောင့် သင့်ဘဝကို သက်ရောက်စေမည့် ၆ချက်


ငွေကြေးပူပန်ရခြင်းကြောင့် သင့်ဘဝကို သက်ရောက်စေမည့် ၆ချက်

၁။ သင်ဟာ 'ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ' ဆိုတဲ့အတွေးတွေနဲ့ စတင်ပြီး တွေးတတ်နေပါပြီ။

ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါ covid ဟာ တမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှာကို ကြောက်ရွံတာအပြင် လူတွေဟာ အလုပ်အကိုင်မဲ့တွေဖြစ်ကုန်မှာ ကိုလည်းကြောက်ကြပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေကို စိုးရွံ့ကြပါတယ်။ ဘယ်လိုဖြစ်မယ်မှန်းမသိတဲ့ အနာဂတ်စီးပွားရေး အခြေအနေကိုလည်း စိုးရွံ့ကြပါတယ်။ဝန်ခံရမှာကို မုန်းပေမယ့် ကျွန်တော့ဆီမှာလည်း ကျွန်တော်ဘာဆက်ဖြစ်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့ခဲ့ရတဲ့ အချိန်တခုရှိခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ငွေရေးကြေးရေးအရ စိုးရိမ်ပူပန်စရာမရှိဘူးလို့ထင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် နောက်ပိုင်း သတင်းတွေအကြည့်များလာတဲ့အခါမှာ ကျွန်တော့်ကြောက်လာပြီး ကိုယ့်ကိုယ့်ကို 'တကယ်လို့ ဖြစ်ခဲ့ရင်'ဆိုတဲ့မေးခွန်းတွေ စတင်မေးလာပါတယ်။ သင်ကိုယ်တိုင်ကလည်း 'တကယ်လို့ဖြစ်ခဲ့ရင်' အတွေးနယ်ထဲတွေးပူခဲ့ဖူးမယ်ဆို အဲ့အရာတွေ ထိန်းချုပ်လို့မလွယ် ဘူးဆိုတာ သိမှာပါ။ အဲ့အရာတွေက နေ့စဉ်ဘဝမှာ တချိန်လုံးဖြစ်နေတာပါ။ ကပ်ရောဂါဖြစ်မှ စတာမဟုတ်ပါဘူး။

၂။ သင့်အနေနဲ့ ပိုက်ဆံအတွက် ပိုမိုရုန်းကန်ရပါပြီ။

အခြေအနေတခုမှာ ပိုက်ဆံကြောင့် ပူပန်ရပြီဆို သင့်အနေနဲ့ ဝန်တခု ကိုခံစားရပါပြီ။ ဒါဟာ အိမ်ထောင်ရေးတခုမှာဆို အဓိက ထိခိုက်ရပါတယ်။ သင်အမြဲတမ်းပိုက်ဆံအတွက်ဘဲ စိတ်ပူပန်နေရမယ်ဆို အားပေးတာ၊ မျှဝေခံစားတာ ဒါမှမဟုတ် ရိုမတ်တစ် ဆန်ဖို့တောင် ခက်ခဲပါတယ်။ စိတ်ခံစားမှုတွေဟာ ပျံ့လွန့်ပြီး (သို့မဟုတ်) ငွေကြေးအတွက် ပူပန်ရတာ အရမ်းများလာရင် သင်တို့ထဲက တယောက်ဟာ တစုံတခုအတွက် ကျေးဇူးတင်တယ်ပြောခြင်းဟာ ပုံမှန်ထက်လျော့နည်းလာပါမယ်။ ဒါဟာ အံဩစရာတော့မရှိပါဘူး။ ရာစုနှစ်များစွာကတည်းက ပိုက်ဆံကြောင့်ဘဲ လမ်းခွဲခြင်းကို ဖြစ်စေခဲ့တာပါ။

၃။ သင်ဟာ ငွေကြေး ရေးကြေး အဆင်မပြေရခြင်းရဲ့ အဓိက သူပါ။

ငွေကြောင့်အမြဲ ရန်ဖြစ်ရတယ်ဆို ဇနီးမောင်နှံနှစ်ယောက်မှာ တယောက်ကတော့ အသုံးစရိတ်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆုံးဖြတ်ရမယ့်အစား လျို့ဝှက်ထားတတ်လာပါတယ်။ ဒါကို ငွေကြေးဖောက်ပြားမှုလို့ခေါ်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာအရမ်းအရေးကြီးပြီး ကြားရတာတော့ ဝမ်းနည်းစရာကောင်းပါတယ်။

၄။ သင့်ဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ပူပန်ကြောင့်ကြရခြင်းနဲ့ကုန်ဆုံးပါတယ်။

ဘာသာရေးယုံကြည်သူတယောက်အနေနဲ့ ကျွန်တော်တို့ တယောက်ခြင်းစီကို ဘုရားသခင်က မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ဖန်တီထားတာပါ။ ဘယ်အရာဘဲဖြစ်ဖြစ် မိဘအုပ်ထိန်းသူဖြစ်ရခြင်း၊ စည်းရုံးရခြင်း၊ အခြားသူများကို ဦးဆောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အနာဂတ်အတွက် စီစဉ်ခြင်းရခြင်းဘဲဖြစ်ဖြစ် သင့်ကိုပျော်ရွှင်စေချင်ပါတယ်။ အဲ့ဒီ စိတ်တွေဟာ သင့်ရဲ့ စရိုက်လက္ခဏာ အချို့နဲ့ အကြောင်းပြချက် တချို့ကြောင့် ပျက်စီးယိုယွင်းခဲ့ရတယ်လို့ ယုံကြည်ပါတယ်။ကျွန်တော်မယုံကြည်တာကတော့ ဘုရားသခင်က ကျွန်တော်တို့ကို အချိန်ဖြုန်းဖို့ ဖန်တီးခဲ့တာတော့မဟုတ်ပါဘူး။ Matthew 6:26-27က ဒီလိုဆိုပါတယ် 'လေထဲက ငှက်တွေကို ကြည့်ပါ။ သူတို့မျိုးစေ့လည်းမကြဲသလို ကောက်ရိတ်သိမ်းတာလည်းမရှိပါဘူး။ သင်ဟာသူတို့လောက်တောင် တန်ဖိုးမရှိဘူးလား။ ဘယ်သူမဆို သင့်ဘဝထဲကို နာရီတိုင်းမှာ စိုးရိမ်ပူပန်စရာ ထည့်နိုင်ပါတယ်။ သင်ဟာ ဘုရားသခင်က ကျွန်တော်တို့ကို ငှက်တွေကို ဂရုစိုက်တာထက်ပိုပြီး ဂရုစိုက်တယ်လို့ ယုံကြည်ရင် ဘာလို့ သင့်ရဲ့အချိန်တွေကို ပူပန်စရာတွေနဲ့ အချိန်ဖြုန်းနေအုံးမှာလဲ။

၅။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုထိခိုက်စေပါတယ်။

လေ့လာတွေ့ရှိချက်အရ ငွေကြေးအရ ပူပန်ရခြင်းဟာ ကျွန်တော်တို့နားလည်ထားတာထက်ပိုပြီး ကျန်းမားရေားကို ထိခိုက်စေပါတယ်။ ဥပမာ ဆီးချို၊ ခေါင်းတခြမ်းကိုက်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ နဲ့ အခြားသောရောဂါတွေကိုဖြစ်စေတာပါ။

၆။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုထိခိုက်စေပါတယ်။

အခုနောက်ပိုင်းလူငယ်အများစုဟာ စိတ်ပူပန်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုတွေနဲ့တွေ့ရပါတယ်။ ဘာလို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အကြွေးပိနေကြလို့ပါ။ ကျွန်တော်တော်မှတ်မှတ်ရရဖြစ်နေတဲ့ ပုံပြင်တပုဒ်ကတော့ 'Borrowed Future Podcast' က အမျိုးသမီး တယောက်ရဲ့ အင်တာဗျူး တခုပါ။ သူ့နာမည်က Terry ပါ။ သူ့အနေနဲ့ ဒ အကြွေးတွေ များသထက်များလာတာဟာ ဘယ်လောက်ထိ စိတ်ဖိစီးမှုများလည်းဆိုတာကို ပြောထားပါတယ်။ သူ ဒေါ်လာ၁၀၀ရှာတယ်။ ဒေါ်လာ၅ကျပ်က အရင်းထဲထည့်တယ်။ ကျန်ငွေအကုန်က အတိုးပေးလိုက်ရတယ်။ အဲ့တော့ အဲ့ထဲကနေ ဘယ်တော့မှ ရုန်းမထွက်နိုင်ဘူး။အကြွေး ဒေါ်လာ ၁၅၀၀၀ ကနေပြီး အတိုးကြောင့် ဒေါ်လာ ၄၅၀၀ဝထိ များသွားတယ်။ အဲ့လိုအချိန်တွေဆို ကျွန်မအနေနဲ့ လက်လျော့လိုက်ချင်ပါတယ်။' Terry ဟာ ထင်တာထက်ပိုပြီး စိတ်ဖိစီးမှုရလာပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေချင်လောက်တဲ့ အထိပါ။ သူမကတော့ပြောပါတယ် 'အသက်ရှင်နေတာကိုက သေတာထက်ပိုပြီးဆိုးခဲ့ပါတယ်' ဒါကိုကြားရတဲ့အခါ ကျွန်တော်စိတ်မကောင်းပါဘူး။ ဒါဟာလူတော်တော်များများ ငွေကြေးပူပန်မူကြောင့် ခံစားနေရတာပါ။