ပိုက်ဆံမရှိဘူးလို့ အမြဲပြောနေရင် တနေ့ တခြားကြပ်တည်းလာတာပိုသိသာလာတယ်။ အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီးအဆင်မပြေ ဖြစ်လာတယ်


ပိုက်ဆံမရှိဘူးလို့ အမြဲပြောနေရင် တနေ့ တခြားကြပ်တည်းလာတာပိုသိသာလာတယ်။ အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီးအဆင်မပြေ ဖြစ်လာတယ်။ စိတ်အတွေးအခေါ်ပညာနဲ့သုံးသပ်မယ်ဆိုရင် ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲကအတိုင်းကိုယ့်နှုတ်ထွက်စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားသလိုြဖစ်လာလိမ့်မယ်။ဒါ့ကြောင့် အမြဲတမ်းအကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကိုတွေးပါ။ အောင်မြင်သူလိုတွေးပါ။ စိတ်သဘောထားကောင်းတဲ့သူတွေအောင် မြင်သူတွေနား ချဉ်းကပ်ပါလို့ ပြောကြတာပေါ့။

စဉ်းစားလိုက်ပါ။ ဘဝမှာလူတိုင်းလဲကျဖူးကြပါတယ်။ လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ ပြန်မထနိုင်လောက်ပါဘူးလို့တွေးတာ လက်လျှော့လိုက်တော့မယ်ဆိုတာကသာ အဓိကပြသနာပါ။ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ပိုလိုတာပါ။ လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။ ဖြေရှင်းပုံပေါ်မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာပါ။သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင်ဘယ်ဘဝဘယ်နေရာထဲကလာလာ သင်ဘယ်တော့မှမဆင်းရဲတော့ဘူး။

(၁) မစဉ်းစားပဲသုံးတယ်။

ဒီနေ့ကိုယ့်ရဲ့ပိုက်ဆံသုံးနည်းကနောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ “လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်။ ဒီတော့ဒီအချက်ပဲကိုယ့်ဘဝရဲ့ငွေရေးကြေးရေးပြသာနာကိုဖြစ်စေပါတယ်။

(၂) ဘဝကိုအကြွေးရှိအောင်လုပ်ခြင်း။

သင်အကြွေးများလာအောင်လုပ်တိုင်းမှာ သင်ကငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင်စုတ်ယူနေတာပါပဲ။ အကြွေးကဒ်တစ်ခုခုအကြွေး အပြင်က အကြွေး အရစ်ကျပေးချေခြင်းအကြွေး စသဖြင့် ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ။ ဒီတော့ ဒီအချက်တွေကသင့်ရဲ့ရေရှည်ငွေရေးပိုင်းကို အတိအကျထိန်းနှိင်မှသာအကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ။

(၃) ငွေရေးကြေးရေးအပိုင်းအသေးစိတ်မထိန်းသိမ်းခြင်း။

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကိုစနှစ်တကျထိန်းသိမ်းပါ။

(၄) အပိုငွေ–အလိုငွေတွေကိုဘယ်တော့မှစီမံကိန်းမချခြင်း။

ငွေရေးကြေးရေးစီမံကိန်းမချပဲအနာဂတ်သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာကကိုယ့်ဘဝမှာအရေးပေါ်ကိစ္စတွေကိုအမြဲတမ်းကြုံစေပါတယ်။

ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု အမြဲတန်းမမေ့ပဲတွက်ချက်ထားနိုင်ဖို့လိုအပ်ပါတယ်။ (က) ဝင်ငွေ–ထွက်ငွေအရင်း၊ (ခ) ငွေရေးကြေးရေး အခြေအနေအရင်း၊ (ဂ) ငွေရေးကြေးရေး စာရင်းဇယားအရင်း။ ဒါတွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်။

(၅) စုငွေကိုအထင်သေးခြင်း။

စုငွေရဲ့ အ ဓိက အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ။ ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ။

(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံပြီးလက်လျော့လိုက်ခြင်း။

ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ။ ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်။

(၇) ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးခြင်း။

ငွေကငွေရေးကြေးရေးပြသာနာကိုဘယ်တော့မှမဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ရာရီ ဖြေရှင်းပေးတာဖြစ်ပါတယ်။ ဒါကြောင့်ငွေရေးကြေးရေးပိုင်းမှာတိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ။ ဝင်ငွေရှာပါ၊ ငွေဝင်ငွေထွက်ကိုထိန်းချုပ်မှု လုပ်ပါ၊ ငွေစုပါ၊ ပြီးရင်အရင်းအနှီးလုပ်ပါ။ ဒီနေ့ကပဲနေစလိုက်ပါ။