Mother Finance

နေ့စဉ် ငွေကြေးအခက်အခဲများ ပြေလည်စေရန် ချေးငွေများကို လွယ်လင့်တကူရရှိစေခြင်း
သက်သာသော အတိုးနှုန်း | ပုံသေကာလ | ယုံကြည်စိတ်ချရသော ချေးငွေ

ဒီနေ့တော့ နောက်တစ်ခါထက်ပြီးအွန်လိုင်းဒီဂျစ်တယ်ချေးငွေလုပ်ငန်း လိမ်လည်မှုဟုတ်မဟုတ်စစ်ဆေးရမည့်စာရင်းအချက်အလက်များတင်ပြပေးပါမယ်။

ဒီနေ့တော့ နောက်တစ်ခါထက်ပြီးအွန်လိုင်းဒီဂျစ်တယ်ချေးငွေလုပ်ငန်း လိမ်လည်မှုဟုတ်မဟုတ်စစ်ဆေးရမည့်စာရင်းအချက်အလက်များတင်ပြပေးပါမယ်။

✅ စစချင်းအစစ်အမှန်လိုင်စင်ရှိမရှိနံမည်နဲ့တိုက်ပြီးစီစစ်လိုက်ပါ။ ဒီအောက်က link နှစ်ခုကနေ တရားဝင်လိုင်စင်ရ ချေးငွေလုပ်ငန်းတစ်ခုချင်းဆီကိုရှာဖွေလို့ရပါတယ်။ လိုင်စင်ပုံတွေလာပြတိုင်းမယုံကြည်ပါနဲ့။

📌 အသေးစားချေးငွေလုပ်ငန်းများ (MFI)
https://frd.gov.mm/?page_id=1146&lang=en_US
📌 ငွေရေးကြေးရေးကုမ္ပဏီများ (NBFI)
https://www.cbm.gov.mm/content/finance-companies

✅ FB page ကို ဝင်ရောက်စစ်ဆေးပါ။ လိပ်စာအတိအကျ ဖေါ်ပြထားလား။ Website ရှိလား အရင်စုံစမ်းလေ့လာပါ။ ဖုန်းနံပတ် ပြထားလားဆက်သွယ်ကြည့်ပါ။ မက်ဆေ့ပို့ပြီး ငွေကြိုပေးရမှာလား မေးမြန်းကြည့်ပါ။ ကိုယ့်အချက်အလက်အထောက်အထားမှတ်ပုံတင် သန်းခေါင်စာင်းစသည်တွေအရင်သွားမပို့ကြပါနဲ့။ မန်ဘာကြေး ဖေါင်ကြေးလို့ပြောပြောအတိုးဝန်ဆောင်ခစရံစပေါ်လို့ပဲပြောပြော ကြိုပေးဆိုရင်လုံးဝသေချာပေါက်လူလိမ်ပါ။ ဆက်မလုပ်ပါနဲ

https://www.google.com/maps ကနေ ကုမ္ပ္ပဏီနံမည်နဲ့ FB Page မှာပြထားတဲ့ လိပ်စာတူမတူ ရှာကြည့်လိုက်ပါ။

✅ FB page ဘယ်တုံးကစထောင်ထားတာလဲစစ်ဆေးပါ။ နှစ်ရှည်ကြာမကျော်ရင် မယုံကြည်ကြပါနဲ့။ လူလိမ် FB page အတုတွေဆိုရင်ကြာကြာမခံနိုင်ပါဘူး။

✅ FB page Follower တွေ Like တွေဘယ်နှစ်ယောက်ရှိလဲဆိုတာအသေးစိတ်စုံစမ်းပါ။ အကောင့်အတုဆိုရင်ဘယ်တော့မှသိန်းနဲ့ချီ follow/like မရှိနိုင်ပါဘူး။

✅ FB page review တွေဝင်ဖတ်ပါ။ လူဘယ်နှစ်ယောက် ဘယ်လောက် အထိ recommend လုပ်ထားတယ်ဆိုတာ လေ့လာလိုက်ပါ။ လူလိမ်တွေက သူတို့ FB page မှာ review တွေပိတ်ထားတယ်ဝင်ရေးလို့မရဘူးဆိုရင်မယုံကြည်ပါနဲ့။

နေ့တိုင်းအလိမ်ခံနေရသူတွေရှိနေပါသေးတယ်။ အမှန်ပြောရမယ်ဆိုရင် အခုထိဖြစ်နေတာကကိုယ့်ဘက်ကညံ့ဖျင်းလို့အလိမ်ခံရတာပါ။ ဘယ်သူ့ ကိုမှလိမ်နေတာလားလို့လိုက်မေးနေစရာမလိုပါဘူး။ လူလိမ်ဆိုရင်လဲ လိမ်နေတာပါလို့ဘယ်တော့မှဝင်ခံမှာမဟုက်ဘူး။ လောဘမောဟ များပြီးအာရုံမစိုက်အားမထဲ့လွယ်လင့်တကူလိုချင်စိတ်တွေကြောင့်အလိမ်ခံကြရတာပါ။ သေချာစစ်ဆေး စုံစမ်းလေ့လာရင် လိမ်မလိမ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ အလိမ်မခံချင်ရင် Mobile App ကနေချေးငွေလျှောက်လွှာတင်ပါ။ ဒါဆိုရင်ကိုယ့်အချက်အလက်တွေလဲ မပေါက်ပြားဘဲလုံခြုံမှုရှိပါတယ်။ ချေးငွေပြန်မဆပ်တဲ့သူ ဆိုရင်တော့ တစ်မျိုးပေါ့။ မရရအောင်ကြိုးစားကြည့်ပါ။ ချေးငွေရယူချင်ရင် အချိန်ပေးတွက်ချက်လေ့လာဆုံးဖြတ်ပြီးမှလက်တွေ့အာရုံစိုက်အကောင်အထည်ဖေါ်ကြပါ။
Open Messenger conversation