ကလေးတစ်ယောက်မွေးဖွားလာသည့်အခါဘတ်ဂျက်အသုံးစရိတ်ပြောင်းလဲလာခြင်း။


ဤလောကသို့ကလေးတစ်ဦးမွေးဖွားရောက်ရှိလာတော့ မယ်ဆိုရင်ငွေအပိုပမာဏများစွာ ထပ်မံကုန်ကျမှု မရှိပဲ ပျော်ရွှင်မှုအလုံးအရင်းဘယ်လိုဆက်လက်လုပ်ကိုင်ကြမှာလဲဆိုတာ အချို့ကသိလိုကြပါမည်။ သေချာ ပေါက်ပြောလို့ရတာတစ်ခုကတော့ဘယ်လောက်ပဲမျှော်မှန်းထားထားအသုံးစရိတ်တွေကတော့မြင့်မားလာဖို့ပဲရှိပါတယ်။ ကိုယ့်ကလေးတစ်ဦး ရရှိလာသည့်အခါ ပစ္စည်းပစ္စယများ ပိုမိုဝယ်ယူလာရပါသည်။ ကလေး၎င်းတို့ အနက်အချို့မှာ ကြိုတင်မှန်းဆရနိုင်ပြီး ပုံမှန်ဖြစ်သည့်ကလေးအသုံး အဆောင်ပစ္စည်းတို့ပါဝင်ပါသည်။ သို့သော်အချို့သောပစ္စည်းများမှာမှန်းဆ၍မရနိုင်ဘဲဈေးပိုမိုကြီးမြင့်ပါသည်။ အမှန်တိုင်းပြောလျှင်အသစ်ကြပ် ချွတ်မိခင်တို့ဖခင်တို့အနေဖြင့် ဇိမ်ခံပစ္စည်းဈေးကြီးကြီးများကိုမရှိမဖြစ်အရာဟုထင်မှတ်ကြတတ်ပါသည်။ အရိုးရှင်းဆုံးပြောရလျှင်ပထမဆုံးအကြိန်မိခင်ဖခင်ဖြစ်လာသောသူတွေဆိုရင်ပိုဆင်ချင်ဖို့လိုပါတယ်။ တကယ်လိုအပ်သလားမလိုအပ်သလားဆိုတာအတွေ့အကြုံမရှိသေးတော့မသုံးသင့်ပဲပိုဖြုန်းလိုက်ရတွေလဲပေါ်လာပါလိမ့်မယ်။ လူသားသစ်လေးသည် အသစ်ပင်ဖြစ်သော်ငြားလဲ ဘတ်ဂျတ်အကုန်အကျစရိတ် တော့ တော်တော်ကို ကြီးမားပြီးကိုယ့်အရင်ကအတိုင်းသုံးတဲ့စစ်တွေကိုလဲပြောင်းဖို့လိုအပ်လာတာလေးတွေ ကိုပြောပါမယ်။

မိသားစုအများစုတွင်ဘတ်ဂျက်ကုန်ကျစရိတ်အသစ်များစာရင်းတွင် ကလေးသွားရည်ခံအဝတ်များ၊ လစဉ်ကြီးထွားလာတိုင်းလိုအပ်တဲ့ အဝတ်အထည်များ၊ ဆေးဝါးကုသမှု ကုန်ကျစရိတ်များ၊ ကစားစာရာ အရုပ်များ၊ စာအုပ်များ၊ ဖျာများ၊ အခင်းများ၊ ခုံများနှင့် ကလေးထည့် လှည်းများစသည်တို့ပါဝင်ပါသည်။ ကံကောင်းထောက်မ၍ မိဘနှင့်အတူနေလျှင်သို့မဟုတ် မိဘနှင့် နီးကပ်စွာနေနိုင်လျှင်မိဘအဖိုးအဖွားများက ကလေးကို ကူညီထိန်းသိမ်းစောင့်ရှောက်ပေးကြပါသည်။ သင်၏မိဘများက သင်တို့၏ကလေးကို ကူညီ ထိန်းသိမ်း စောင့်ရှောက်လျှင် သင်တို့အတွက် ကုန်ကျစရိတ်များမှာ သက်သာပြီးပိုမို စုဆောင်းမိနိုင်မည်ဖြစ်ပါ သည်။ ကုန်ကျစရိတ်များ အသစ်ထွက်ပေါ်လာသည့်အခါ အမျိုးအစားခွဲခြားသတ်မှတ်သင့်ပါသည်။ ကလေး ကစားစရာများ/စာအုပ်များ၊ သန့်စင်ခန်းသုံးပစ္စည်းများ၊ အဝတ်အစားများ၊ စသည်ဖြင့်ခွဲခြားသင့်ပါ သည်။ ၆လ-၂နှစ်လောက်ခန့်အကြာတွင်ရောက်လာရင်လဲနေ့ကလေးထိန်းစင်တာသို့မဟုတ်မူကြိုကျောင်း တွင် ထားရှိရန်စရိတ်နှင့် ကလေးရေကူးသင်ရန်အခြားအားကစားသင်တန်းလေးတွေတက်ရန်စရိတ်စသည့် ကုန်ကျစရိတ်အသစ်များထပ်မံပေါ်လာပါအုံးမည်။ အဆိုပါပစ္စည်းများကိုအမျိုးအစားခွဲခြားသတ်မှတ်ထားမှ သာလျှင်ကလေးတစ်ဦးရရှိလာသသည့်အခါ ဘတ်ဂျက်ကုန်ကျစရိတ်မည်မျှပိုလာသည်ကိုသိရှိနိုင်ပါသည်။ ဆိုလိုသည်မှာကလေးငယ်တစ်ဦးရှိလာခြင်းသည်ကုန်ကျစရိတ်များစွာပိုလာခြင်းပင်ဖြစ်သည်။ ဒီလိုမျိုးအသုံး စရိတ်တွေကိုနှစ်နဲ့ချီပြီးရေရှည်မတွက်လားခဲ့ရင်အရန်းအခက်အခဲတွေပေါ်လာနိုင်ပါတယ်။
ကလေးယူဖို့ စိတ်ကူးရှိရင်ဘတ်ဂျက်ထဲမှာကုန်ကျစရိတ်အမျိုးအစားအသစ်တွေအများကြီးပါလာမယ်ဆိုတာ ကို အရင်သုံးသတ်ပြီးကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ မမျှော်လင့်ပဲပေါ်လာမဲ့ကုန်ကျစရိတ်တွေဟာကလေး တွေရလာပြီဆိုရင်အရန်းပိုများပါတယ်။ အရင်ကတောင်ဘတ်ဂျက်ထိန်းချုပ်နိုင်သူတွေတောင်အခက်အခဲရင် ဆိုင်ရပါလိမ့်မယ်။ ကလေးနဲ့ဆိုင်တဲ့အကြောင်းတွေဟာတစ်ခါတလေလုံးဝထိန်းချုပ်နိုင်မယ့်ဟာမျိုးမဟုက်ပါ။ သင့်ရဲ့နေ့တွေကို ဖြတ်သန်းဖို့အတွက် ခေါင်းခြောက်စရာတွေက တစ်ခုနဲ့မကရှိတယ်။ ဒါပေမယ့်သင့်မှာ ကလေးနဲ့ပတ်သက်တဲ့ငွေရေးကြေးရေးအချက်အလက်တွေရှောင်ရှားရန်မလွယ်ကူပါဘူး။ တစ်ချို့ကုန်ကျ စရိတ်တွေကသင်အဲ့အတွက်စဉ်းစားဖူးထားတာမဟုတ်တာမျိုးတွေပါ။ ဘယ်လိုမျိုးလဲဆိုတော့သင့်ကလေး အတွက်သီးသန့်လိုအပ်လာတာမျိုးတွေ၊ သိသိသာသာ ဈေးကြီးတာမျိုးတွေ၊ ဝယ်လိုက်တိုင်း သူနဲ့မတဲ့မကြိုက် တာမျိုးတွေရှိပြီးမသုံးနိုင်ပဲငွေဖြုန်းသလိုကိစွတွေ့ရပါလိမ့်မယ်။ ထိုမှထိုင်နေသည့်အဆင့်မှ ကလေးငယ်သည် ပိုမိုဖွံ့ဖြိုးကြီးထွားလာသည့်အခါသောက်သုံးသည့်အသီးမှအစာအားလုံးစားနိုင်သဖြင့်ဘယ်လိုမျိုးဟာ ကိုရွေးပြီးကျွေးုဖို့စဉ်းစားထားလဲ။ ကိုယ့်ကလေးဆိုတော့အကောင်းဆုံး ဟာတွေပဲလုပ်ပေးချင်တာပေါ့။ အော်ဂဲနစ်အစားအစာပဲဝယ်သုံးမှလား။ သဘာဝအသုံးဆောင်ပစ္စည်းများပဲ လက်ခံမှာလား။ ဒါပေမယ့် လူတိုင်းကဒီလိုမျိုးလုပ်ဆောင်ပေးနိုင်မှာလဲ။ အဆင့်တစ်ခုခုသို့တက်လှမ်းသွား တိုင်းအခါ ကလေးငယ် အတွက်ကုန်ကျစရိတ်သည် နောက်ထပ်ကုန်ကျစရိတ်အမျိုးအစားအသစ်သို့ ထပ်မံပြောင်းလဲသွားပါ လိမ့်မည်။
ဘတ်ဂျက်ရေးဆွဲသူများတို့သည် ငွေကြေးတင်းမာမှုအပြင် ဘတ်ဂျက်အသုံးစရိတ် တည်ငြိမ်ခြင်းနှင့် ကုန်ကျ စရိတ် ထိန်းချုပ်နိုင်ခြင်း ကိုနှစ်သက်ကြပါသည်။ လျှော်ဖွတ်သန့်စင်ခြင်း၊ အစားအစာကို ကြိုတင်ပြင်ဆင်ခြင်း၊ သို့မဟုတ်အပတ်စဉ်ထိန်းညှိကိုက်ညှိ၍သုံးဆွဲခြင်းကို စနစ်တကျပြုလုပ်တတ် ကြပါသည်။ နေ့စဉ်သုံးဆွဲမှုကို စနစ်တကျလုပ်ဆောင်ယုံသာမကပဲဝင်ငွေပိုမိုရရှိရေးကိုလည်း အာရုံစိုက်လုပ်ဆောင်ပါသည်။ ကလေး တစ်ဦး မွေးဖွားလာသည့်အခါ ကုန်ကျစရိတ်အချို့မှာ အရင်လိုပဲ ထိန်းသိမ်းသုံးဆွဲနိုင်မလား။ မိဘအသစ်ကြပ်ချွတ် များအနေဖြင့် ဦးစားပေးရမည့် အရာများ များပြားရှိတတ်ပါသည်။ ကလေးငယ်အတွက်အရာအားလုံးကို ဦး စားပေး အဖြစ် မိဘအသစ်များက ရှုမြင်တတ်ကြပါသည်။ သုံးစွဲမှုစရိတ်သက်မှတ်မထားသည့်တိုင် ကလေး အတွက် ဦးစားပေးကြပါသည်။ ကလေးအတွက် ပစ္စည်းဝယ်ယူလိုသည့်အခါ မူလကစဉ်းစားထားသည့် သတ်မှတ်ဘတ်ဂျက်ကို မေ့ပစ်လိုက်ကြပါသည်။ ဈေးကြီးပစ္စည်းများ ဝယ်လာပါတော့သည်။ အားလုံးကို ဦးစားပေးဟု မထင်မြင်ဘဲ နေထိုင်မှုပေါ် မူတည်၍ ဦးစားပေးအရာကို အဆင့်လိုက်သတ်မှတ်သုံးစွဲလျှင် အိမ်စရိတ်ကုန်ကျမှုကို ထိန်းညှိရန်ပိုမိုလွယ်ကူမည်ဖြစ်သည်။ သင်ဟာကလေးအသစ်မွေးဖွားမယ် ဆို ရင်တော့အဲ့ဒါထက်ကြီးမားတဲ့ ဦးစားပေးမရှိဘူး။ ကလေးရောက်လာချိန်မှာ ငွေတွေလွတ်လပ်စွာ သုံး ဆွဲခြင်းကို ဖြတ်တောက်လိုက်ဖို့လိုလိမ့်မယ်။
ပြောရမယ်ဆိုရင်ဒီကလေးဟာကျေးဇူးတင်ပေးသင့်တဲ့ဖန်တီးမှုတစ်ခုပါပဲ။ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလဲ။ သင့်ရဲ့ဘတ်ဂျက်များအတွက်အပြုသဘောဆောင်တဲ့ပြောင်းလဲမှုဖြစ်လာစေတယ်။ ဘဏ္ဍာရေး အာရုံဘက်ကိုဂရူစိုက်လာစေတဲ့သူတစ်ဦးလို့လဲပြောလို့ရပါတယ်။ သူ့တစ်ရောက်ကိုကျွေးမွေးဖို့ဘယ်လောက် ငွေရှာငွေစုဖို့လိုလဲဆိုတာသုံးသပ်မိလာပြီပဲ။ အမှန်တကယ်နောက်တစ်ခုပြောရင် ကလေးအသစ်လေးနဲ့အတူ သင့်မှာအချိန်ပိုတွေအများကြီးရှိမှာမဟုတ်တော့ပါ။ သင့်ရဲ့ အပြင်ထွက်စားခြင်းနဲ့ ဖျော်ဖြေရေး စာရင်းတွေမှာ ပိုက်ဆံကို လျော့ချဖို့လိုတယ်။ သင့်ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ သောကြာနေ့နေ့လည်ပိုင်းကို ကျော်လိုက် လိမ့်မယ်။ အခြေခံအားဖြင့်လူမှုရေး ဒါမှမဟုတ် အပန်းဖြေအသုံးစရိတ် တို့ကိုယာယီအမျိုးအစားဖြစ်ယူစရ ပါမည်။ အဲဒီဘက်ပိုင်းကအသုံးစရိတ်တွေနဲလာပါလိမ့်မယ်။ ဘဝမှာကလေးအသစ်တစ်ယောက်ရှိခြင်းက အဖိုးမဖြတ်နိုင်အောင်ကြီးမားတဲ့ပျော်ရွှင်မှုဖြစ်တယ်။ ဒီလိုအချိန်လေးတွေမှာငွေရေးကြေးရေးကြိုတင် ဘတ်ဂျက်မစီစဉ်ထားခဲ့လို့စိတ်တွေထိခိုက်ပြီးအရန်းကြည်နှူးစရာဘဝလေးတွေကိုပျော်ပျော်ရွှင်ရျွင်နဲ့မခံစားလိုက်ရလိုက်ပဲဖြစ်သွားနိုင်ပါတယ်။ ရိုးရှင်းစွာဘတ်ဂျက်စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာခြင်း၊ ပြုပြင်ညှိ နှိုင်းခြင်းအားဖြင့်သင်သည်သဘာဝကျကျအိမ်ထောင်စုထဲမှာရှိသောကလေးသစ်လေးနဲ့အပြင်လူအပေါင်းအားလုံးအတွက်လိုက်လျောညီညွတ်စွာလုပ်ဆောင်ပေးနိုင်ပါလိမ့်မည်။