Mother Finance

နေ့စဉ် ငွေကြေးအခက်အခဲများ ပြေလည်စေရန် ချေးငွေများကို လွယ်လင့်တကူရရှိစေခြင်း
သက်သာသော အတိုးနှုန်း | ပုံသေကာလ | ယုံကြည်စိတ်ချရသော ချေးငွေ

အကူအညီရယူရန်


ချေးငွေကို လက်ခံအတည်ပြုပေးရန် ဘယ်လောက်ကြာပါသလဲ။
လိုအပ်သောစာရွက်စာတမ်း အချက်အလက်များအားလုံးဖြည့်စွက်ပြီး (၄၈) နာရီအတွင်း ချေးငွေလက်ခံအတည်ပြုသည့် ဆုံးဖြတ်ချက်ကို သိရှိနိုင်ပါသည်။
ချေးငွေ (ငွေ) ကို ဘယ်လိုလက်ခံရရှိမှာလဲ။
သင့်ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ တိုက်ရိုက်လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။
ချေးငွေကို ဘယ်နေရာတွေအတွက် အသုံးပြုလို့ရပါသလဲ။
အရေးပေါ်ကျန်းမာရေးအသုံးစရိတ်များ၊ ကုန်ပစ္စည်းများဝယ်ယူရန်၊ အတိုးနှုန်းမြင့်မားသည့် ချေးငွေများပြန်လည်ပေးဆပ်ရန်၊ အိမ်ပြင်ရန်နှင့် အခြားအသုံးစရိတ်များစွာအတွက် အသုံးပြုနိုင်ပါသည်။
ချေးငွေကို သတ်မှတ်ရက်ထက်စောပြီး ပြန်ပေးလို့ရပါသလား။
ရပါသည်။ ချေးငွေကို သတ်မှတ်ရက်ထက်စောပြီး ပြန်ပေးခြင်းအတွက် မည်သည့်အခကြေးငွေမှ ပေးရန်မလိုအပ်ပါ။
ချေးငွေကို ဘယ်လိုပြန်ပေးရပါမလဲ။
Mobile App မှတဆင့် MPU Card ဖြင့် လုံခြုံစိတ်ချစွာ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ထို့အပြင် online banking နှင့် internet banking တို့မှလဲ ငွေလွှဲပေးနိုင်သလို Ok Dollar, Wave Money အကောင့်များရှိပါကလည်း ထိုအကောင့်များမှတဆင့် လစဉ်ငွေပေးသွင်းခြင်းကို ပြုလုပ်နိုင်ပါသည်။
ချေးငွေလျောက်ထားခြင်းကို ဘယ်လောက်မြန်မြန်လုပ်ဆောင်လို့ ရပါသလဲ။
လိုအပ်သည့်စာရွက်စာတမ်းများပြည့်စုံပါက mobile app တွင် လျှောက်လွှာဖြည့်စွက်ခြင်းမှာ (၁၅) မိနစ်ခန့်သာ ကြာမြင့်ပါသည်။
ငွေကို ဘယ်အချိန်မှာ လက်ခံရရှိပါမလဲ။။
ချေးငွေလျှောက်လွှာကို လက်ခံအတည်ပြုပြီး (၁) ရက်မှ (၃) ရက်အတွင်း ငွေကိုလက်ခံရရှိမှာ ဖြစ်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများကို ဘယ်လို တင်ပြရပါမလဲ။
ချေးငွေအတွက်လိုအပ်သော စာရွက်စာတမ်းများအားလုံးကို Mother Finance ၏ mobile application platform မှတဆင့် တင်ပြနိုင်ပါသည်။ ဤနည်းလမ်းသည် လုံခြုံ စိတ်ချ မြန်ဆန်ပါသည်။
ချေးငွေလျောက်ထားမှု အခြေအနေကို မည်သို့ သိရှိနိုင်ပါသလဲ။
သင့်ချေးငွေလျောက်ထားမှု အခြေအနေကို Mother Finance mobile application platform သို့ login ဝင်ပြီး အချိန်မရွေး စစ်ဆေးနိုင်ပါသည်။ တင်ပြရန်ကျန်ရှိနေသေးသော စာရွက်စာတမ်းများကိုလဲ စစ်ဆေးသိရှိနိုင်ပြီး လျောက်ထားခြင်း ပြီးစီးမှုရာခိုင်နှုန်းကိုလဲ ဖော်ပြပေးထားပါသည်။
ချေးငွေစည်းကမ်းချက်များကို ဘယ်မှာ ရှာလို့ရပါသလဲ။
ငွေပေးချေရန်ကတိစာချုပ်တွင် ချေးငွေနှင့်ပတ်သတ်သော စည်းကမ်းချက်များပါဝင်ပါသည်။ ထို့ပြင် အသေး စိတ်အချက်အလက်များကို mobile application platform ၏ account overview စာ မျက် နှာ တွင်လည်း ကြည့်ရှုနိုင်ပါသည်။
ဘဏ်စာရင်းသို့အသားတင်ဝင်ရောက်လာမည့် ငွေမမာဏကို ဘယ်မှာသိရှိနိုင်ပါသလဲ။
ငွေပေးချေရန်ကတိစာချူပ်ပါအတိုင်းချုပ်ဆိုထားသောအပြီးသတ်ငွေချေးသဘောတူစာချုပ်တွင် အမှန်တကယ်ထုတ်ချေးပေးသော ချေးငွေပမာဏနှင့် ပြန်လည်ပေးဆပ်ရန်အချိန်ဇယားတို့ကို ပါထည့်သွင်း ပေးထားပြီး ၎င်းကို mobile application platform ၏ account overview စာမျက်နှာတွင် ကြည့်ရှုနိုင် ပါသည်။
ချေးငွေပေါ်တွင် ကောက်ခံသော အခကြေးငွေများ ရှိပါသလား။ ဘယ်လို တွက်ချက်ကောက်ခံပါသလဲ။
  • ကြိုတင်ပေးဆပ်ငွေအပေါ်ကောက်ခံခြင်း
    ချေးငွေကို သတ်မှတ်ရက်မတိုင်ခင် ကြိုတင်ပေးဆပ်ခြင်းအတွက် မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
  • ဝန်ဆောင်ခ
    “စတင်ဆောင်ရွက်ခ” သို့မဟုတ် “ကြိုတင်ပေးရသောငွေကြေးဝန်ဆောင်ခ” ဟုလည်းခေါ်ပါသည်။ တစ်ကြိမ်သာပေးရသော ဝန်ဆောင်ခဖြစ်ပြီးပြန်မအမ်းပါ။ ချေးငွေရယူရန်လုပ်ငန်းစဉ်များအတွက် ဝန်ဆောင်ခဖြစ်ပြီး သင့်ထံသို့ချေးငွေမပေးအပ်ခင် ကြိုတင်နှုတ်ယူထားမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်ရရှိမည့်ချေးငွေပမာဏမှာ သင်လျှောက်ထားသည့်ချေးငွေပမာဏမှ စတင်ဆောင်ရွက်ခကိုယူပြီး ပမာဏဖြစ်သည်။ စတင်ဆောင်ရွက်ခကို သင်ချေးယူသောချေးငွေပမာဏ၏ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါသည် (သင့်ပြန်လည်ပေးဆပ်နိုင်မှုပေါ်မူတည်၍ ၁% မှ ၅% ကြားကျသင့်ပါမည်)။
  • နောက်ကျကြေး
    ချေးငွေပြန်ဆပ်ရမည့်နေ့တွင်ပြန်မဆပ်ပါက ဒဏ်ကြေး ၁၅,၀၀၀ ပေးဆောင်ရပါမည်။ လစဉ်ပေးဆပ်ရမည့်ငွေပမာဏကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီး အပြည့်အဝပေးဆပ်ခြင်းမရှိပါက ပြန်မဆပ်သေးတဲ့ ၃ ရက်တိုင်း ၁၅,၀၀၀ ကျပ် ထပ်ပေးရပါမည်။ နောက်ကျကြေးကို နောက်ကျသောလအတွက်တစ်ကြိမ်သာကာက်ခံပါမည်။ နောက်ကျကြေးတစ်ကြိမ်ပေးသွင်းရပြီးနောက်ပိုင်းတွင် ပုံမှန်အတိုင်း လစဉ်ပေးဆပ်ရမည့်ငွေကို ဆက်လက်ပေးသွင်းသွားပါက သင့်ချေးငွေသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သော်လည်း ထိုနောက်ကျသောလအတွက် ငွေရင်းပေးဆပ်မှုမှာလျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသောလများအတွက် အတိုးပမာဏမှာ ပိုမိုလာနိုင်ပြီး နောက်ဆုံးပေးသွင်းရငွေမှာလည်း တိုးလာနိုင်ပါသည်။ အချိန်တစ်ခုခုဖြတ်သန်းပြီးလျှင်နောက်ကျကြေးနဲ့ပတ်သတ်သောကုမ္ပဏီ၏မူဝါဒပြန်လည်ခွင့်ရှိသည်ဟုနားလည်ရပါမည်။ ချေးငွေစာချုပ်သည်လျှင်နောက်ဆုံးအခိုင်အမာဆုံးမူဝါဒဖြစ်ပါသည်။
  • ပြန်ဆပ်ငွေ မလုံလောက်မှုအတွက် ဒဏ်ကြေး
    သင်သည်ပြန်လည်ပေးဆပ်ငွေကို ပေးသွင်းသော်လည်း သင့်ငွေစာရင်းထဲတွက် လက်ကျန်ငွေလုံလောက်စွာမရှိခြင်း သို့မဟုတ် သင့်ငွေစာရင်းကို စစ်ဆေး၍မရခြင်းတို့ဖြစ်ပေါ်ပါက ထိုပျက်ကွက်မှုအတွက် ၁၀,၀၀၀ကျပ်ကောက်ခံပါမည်။ ပျက်ကွက်ကြေးတစ်ကြိမ်ပေးသွင်းရပြီးနာက်ပိုင်းတွင် ပုံမှန်အတိုင်း လစဉ်ပေးဆပ်ရမည့်ငွေကို ဆက်လက်ပေးသွင်းသွားပါက သင့်ချေးငွေသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သော်လည်း ထိုပျက်ကွက်သောလအတွက်ငွေရင်း ပေးဆပ်မှုမှာလျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသောလများအတွက် အတိုးပမာဏမှာ ပိုမိုလာနိုင်ပြီး နောက်ဆုံးပေးသွင်းရငွေမှာလည်း တိုးလာနိုင်ပါသည်။ သတ်မှတ်ရက်ထက်ပြက္ခဒိန်ရက် (၁၅)ရက်ထက်ကျော်လွန်ပြီး အပြည့်အဝပြန်လည်ပေးဆပ်ခြင်းမရှိပါက နောက်ကျကြေးပေးဆောင် ရမည် ဖြစ်ပါသည်။ အခကြေးငွေများနှင့် ပတ်သတ်၍ Mother Finance mobile application platform ရှိ သင့်ငွေစာရင်းတွင် ထည့်သွင်းထားသောချေးငွေသဘောတူစာချုပ်တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
ချေးငွေလျောက်ထားရယူရန်အတွက် ငွေကြေးတစ်စုံတစ်ရာ ကျခံရန် လိုအပ်ပါသလား။
Mother Finance မှ ချေးငွေရယူရန်အတွက် ငွေကြေးတစ်စုံတစ်ရာ စတင်ပေးချေရန် မလိုအပ်ပါ။ တစ်ကြိမ်သာပေးရသော ဝန်ဆောင်ခကို ချေးငွေထုတ်ပေးသည့်အခါ နှုတ်ယူထားမည် ဖြစ်ပါသည်။ စတင်ဆောင်ရွက်ခကို သင်ချေးယူသော ချေးငွေပမာဏ၏ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါသည် (သင့်ပြန်လည်ပေးဆပ်နိုင်မှုပေါ်မူတည်၍ ၁% မှ ၅% ကြား ကျသင့်ပါမည်)။ ထိုဝန်ဆောင်ခကို သင့်ငွေစာရင်းသို့ ချေးငွေလွှဲပြောင်းခြင်းမပြုမီ နှုတ်ယူထားမည်ဖြစ်ပါသည်။ ထို့ကြောင့် တစ်စုံတစ်ခုဝယ်ယူရန် သို့မဟုတ် credit card အတွက် ပြန်လည်ပေးဆပ်ရန် ချေးငွေလျောက်ထားပါက လိုအပ်သောငွေပမာဏအပြင် ဝန်ဆောင်ခကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ချေးငွေလျောက်ထားမှု ဘာကြောင့် ပယ်ချခံရပါသလဲ။ ပယ်ချသည့်အခါ မည့်သည့်အချက်များကို ထည့်သွင်းစဉ်းစားပါသလဲ။
ချေးငွေလျောက်ထားမှု ပယ်ချခံရခြင်းအတွက် စိတ်မကောင်းဖြစ်မိပါသည်။ ငွေပြန်လည်ပေးဆပ်နိုင်သည့် အလားအလာနည်းခြင်း သို့မဟုတ် ချေးငွေလျောက်လွှာနှင့်အတူ တင်ပြလာသော အချက်အလက်များ ထဲတွင် သေချာခိုင်မာမှုမရှိသော အချက်အလက်များပါဝင်နေခြင်းနေခြင်းတို့ကြောင့် ပယ်ချခံရခြင်း ဖြစ်နိုင် ပါသည်။ ကျွနု်ပ်တို့၏ ချေးငွေထုတ်ပေးရန် ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်သည် ချေးငွေသတင်းပေးပို့သော အဖွဲ့အစည်းများမှ သတ်မှတ်ထားသော ပိုင်ဆိုင်မှုများ စစ်ဆေးတိုင်းတာအကဲဖြတ်ခြင်း စံနှုန်းများပေါ်တွင် တည်ဆောက်ထားပါသည်။ တစ်နည်းအားဖြင့် သင်၏ ချေးငွေလျှောက်လွှာသည် Mother Finance မှသတ်မှတ်ထားသော လိုအပ်ချက်များနှင့် မပြည့်စုံသောကြောင့် (ဥပမာ - ယခင်လျှောက်လွှာကို ပယ်ချပြီး ရက်ပေါင်း ၁၂၀ မပြည့်ခင် ပြန်လည်လျှောက်ထားခြင်း သို့မဟုတ် လျှောက်ထားသူသည် အသက် ၁၈နှစ် မပြည့်သေးခြင်း) ဖြစ်နိုင်ပါသည်။
ကနဦးခွင့်ပြုချက် ဆိုတာ ဘာလဲ။
ကနဦးခွင့်ပြုချက်ဆိုသည်မှာ သင်သည် ချေးငွေအတွက် လိုအပ်သည့် ကနဦးစံနှုန်းများဖြင့် ပြည့်စုံသည်ဟု ဆိုလိုပါသည်။ ချေးငွေလျှောက်လွှာမတင်မီ သင့်အားပေးပို့ထားသည့် ကနဦးအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ကနဦးခွင့်ပြုချက် ရ/မရ ကို စစ်ဆေးသိရှိနိုင်ပါသည်။ ကနဦးခွင့်ပြုချက်သည် ချေးငွေချထားပေးရန် ခွင့်ပြုချက်မဟုတ်သောကြောင့် လိုအပ်သော စာရွက်စာတမ်းများကို Mother Finance mobile application platform သို့ ပေးပို့လျှောက်ထားရန် လိုအပ်ပါသေးသည်။ Mother Finance မှ ထိုစာရွက်စာတမ်းများကို စစ်ဆေးပြီး သင်၏ ချေးငွေပြန်လည်ပေးဆပ်နိုင်မှု၊ ချေးငွေထုတ်ပေးရန်သင့်တော်မှုတို့ကို အကဲဖြတ်ပြီး ချေးငွေထုတ်ပေးရန် ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
ချေးငွေစည်းကမ်းချက်များကို သဘောတူပြီးသည့်နောက် ဝင်ငွေ၊ အလုပ်အကိုင်နှင့်ပတ်သတ်သော အချက်အလက်များကို ပြင်ဆင်လိုပါက ဘယ်လိုပြင်ဆင်လို့ ရပါသလဲ။
ချေးငွေစည်းကမ်းချက်များကို သဘောတူညီပြီးပါက ပြန်လည်ပြင်ဆင်လို့ မရနိုင်ပါ။ ယခင်ချေးငွေလျှောက်ထားမှုကို ချေးငွေမစတင်ခင် ပယ်ဖျက်ပြီး အသစ်ပြန်လည်လျှောက်ထားနိုင်ပါသည်။
Mother Finance မှ ချေးငွေများ၏ အတိုးနှုန်းသည် ပုံသေ သို့မဟုတ် ပြောင်းလဲနိုင်ပါသလား။
Mother Finance မှ ချေးငွေများ၏ အတိုးနှုန်းသည် ပုံသေဖြစ်ပါသည်။ ချေးငွေများအားလုံးသည် အတိုးရိုးရိုးဖြင့် အရစ်ကျပြန်ဆပ်ရသော ချေးငွေများ ဖြစ်ပါသည်။
ချေးငွေကို မည်သည့်အချိန်တွင် ရရှိပါမလဲ။
ချေးငွေထုတ်ပေးရန် အတည်ပြုသည့်နေ့တွင် သင်၏ဘဏ်စာရင်းထဲသို့ Mother Finance မှ ငွေလွှဲပြောင်းပေးမည် ဖြစ်ပါသည်။ ဘဏ်၏လုပ်ထုံးလုပ်နည်းပေါ်မူတည်၍ သင့်ဘဏ်စာရင်းထဲသို့ ငွေရောက်ရှိရန် အလုပ်ဖွင့်ရက် ၁ - ၃ ရက်အတွင်း ကြာမြင့်နိုင်ပါသည်။
ချေးငွေပမာဏကို ပြောင်းလဲလို့ရနိုင်ပါသလား။
ချေးငွေစည်းကမ်းချက်များကို သဘောတူညီပြီးပါက ပြန်လည်ပြင်ဆင်လို့ မရနိုင်ပါ။ ယခင်ချေးငွေလျှောက်ထားမှုကို ချေးငွေထုတ်ယူခွင့် မပြုမီနှင့် ချေးငွေထုတ်ယူသုံးစွဲခြင်း မပြုမီ ပယ်ဖျက်ပြီး အသစ်ပြန်လည်လျှောက်ထားနိုင်ပါသည်။.
ကိုယ်ရေးကိုယ်တာအချက်အလက်များကို Mother Finance မှ ထိန်းသိမ်းထားပါသလား။
ချေးငွေယူသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဥပဒေလိုအပ်ချက်အရ Mother Financeမှ အချိန်တစ်ခုအထိ ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ထိုအချက်အလက်များကို သေချာစွာထိန်းသိမ်းပေးထားခြင်းဖြစ်ပြီး mobile application platform တွင် မြင်သာအောင် ဖော်ပြထားခြင်း မရှိပါ။
Mother Finance ၏ ချေးငွေသတင်းအချက်အလက် မူဝါဒများကို ဘယ်မှာ ကြည့်လို့ရပါသလဲ။
Mother Finance ၏ ချေးငွေနှင့်ပတ်သတ်သည့် သတင်းအချက်များအားလုံးကို ထိန်းချုပ်သည့် အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြသွားပါမည်။ ထို့ပြင် ချေးငွေသတင်းပေးပို့သည့် သီးခြားအဖွဲ့အစည်းများဖြစ်သည့် Myanmar Credit Bureau Limited သို့လည်း လစဉ် သတင်းပေးပို့သွားမည် ဖြစ်ပါသည်။ အသေးစိတ်ကို အသုံးပြုသူ လိုက်နာရမည့် စည်းကမ်းချက်များတွင် ကြည့်ရှုနိုင်ပါသည်။
ချေးငွေစည်းကမ်းချက်များကို ချေးငွေကိုဖျက်သိမ်းခြင်းမပြုဘဲ ပြင်ဆင်လို့ ရပါသလား။
ချေးငွေစည်းကမ်းချက်များကို သဘောတူညီပြီးပါက ပြန်လည်ပြင်ဆင်လို့ မရနိုင်ပါ။ ယခင်ချေးငွေလျှောက်ထားမှုကို ချေးငွေထုတ်ယူခွင့် မပြုမီနှင့် ချေးငွေစတင်ထုတ်ယူသုံးစွဲခြင်းမပြုမိတွင် ပယ်ဖျက်ပြီး အသစ်ပြန်လည်လျှောက်ထားနိုင်ပါသည်။
ချေးငွေလျှောက်လွှာကိုပယ်ဖျက်ပြီး အသစ်ပြန်လည်လျှောက်ထားလိုပါက မည်သို့လုပ်ဆောင်ရပါမလဲ။
Mother Finance mobile application platform မှ သင်၏ စာရင်းကို login ဝင်ပြီး ချေးငွေလျှောက်လွှာအသစ်ကို တင်ပြနိုင်ပါသည်။
အငြိမ်းစားဝန်ထမ်း သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများသည် ချေးငွေလျှောက်ထားနိုင်ပါသလား။
လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာ၏ အလုပ်အကိုင်ဖြည့်စွက်ရန် နေရာတွင် “အခြား” ကို ရွှေးချယ်ရပါမည်။
“ဘဏ် account ပိုင်ဆိုင်မှု” ဆိုတာဘာလဲ။
“ဘဏ် account ပိုင်ဆိုင်မှု” ဆိုတာ သင်၏ ချေးငွေလျှောက်လွှာကို စစ်ဆေးနေစဉ်ကာလအတွင်း အသုံးပြုသော စကားရပ်ဖြစ်ပါသည်။ သင့်လျှောက်လွှာထဲတွင် ဖော်ပြထားသော ဘဏ်စာရင်းသည် သင်နှင့်အမှန်တကယ်ပတ်သက်သော သင့်ဘဏ်စာရင်းဖြစ်ကြောင်းကို စစ်ဆေးခြင်းဖြစ်ပါသည်။ mobile application platform တွင် သင်ဖြည့်စွက်ထားသော ဘဏ်စာရင်းကို တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်ပါသည်။ “ဘဏ် account ပိုင်ဆိုင်မှု” စာမျက်နှာတွင် သင့်အမည်၊ ဘဏ်စာရင်းနံပါတတ်နှင့် လွန်ခဲ့သောရက် (၉၀)အတွင်း ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် ဘဏ်စာရင်းစာအုပ်တို့ကို ဖော်ပြပေးရမှာ ဖြစ်ပါသည်။
အရေးပေါ်အခြေအနေကြောင့် ချေးငွေကို နောက်သို့ရွေ့ဆိုင်းလို့ ရပါသလား။
အသက်ဝင်ပြီးသော ချေးငွေများ၏ စည်းကမ်းချက်များကို ပြောင်းလဲလို့ မရပါ။
အသက်ဝင်ပြီးသော ချေးငွေများ၏ စည်းကမ်းချက်များကို ပြောင်းလဲလို့ မရပါ။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနသို့ စာဖြင့် သို့မဟုတ် ဖုန်းဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် ရုံးသို့ကိုယ်တိုင်လာရောက် ဆက်သွယ်နိုင်ပါသည်။
အရံဘဏ်စာရင်းကို ဘယ်လိုထည့်သွင်းလို့ ရပါသလဲ။
လက်ရှိချေးငွေအသက်ဝင်နေသူများသည် အရံဘဏ်စာရင်း ထည့်ထားလို့ ရပါသည်။ အရံဘဏ်စာရင်းမှ ငွေလွဲပေးလိုသူများအတွက် အသုံးဝင်ပါသည်။ အရံဘဏ်စာရင်းထည့်သွင်းရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနသို့ စာဖြင့် သို့မဟုတ် ဖုန်းဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် ရုံးသို့ကိုယ်တိုင်လာရောက် ဆက်သွယ်နိုင်ပါသည်။
စစ်ဆေးအတည်ပြုရေးဌာနသို့ ဘယ်လိုဆက်သွယ်လို့ ရပါသလဲ။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနသို့ စာဖြင့် သို့မဟုတ် ဖုန်းဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် ရုံးသို့ကိုယ်တိုင်လာရောက် ဆက်သွယ်နိုင်ပါသည်။
ချေးငွေအတွက် လိုအပ်သောစာရွက်စာတမ်းများ တင်ပြပြီးပါက ဘယ်လိုဆက်လက်ဆောင်ရွက်ပါသလဲ။
လိုအပ်သောစာရွက်စာတမ်းများကို တင်ပြပြီးသည်နှင့် တစ်ပြိုင်နက် Mother Finance မှ အတည်ပြုစစ်ဆေးခြင်းကို စတင်ဆောင်ရွက်ပါသည်။ ထိုသို့စစ်ဆေးနေစဉ်ကာလတွင် သင်၏ ချေးငွေအခြေအနေသည် စစ်ဆေးဆဲ/ဆောင်ရွက်ဆဲ အဆင့်တွင် ရှိနေပါမည်။ အကယ်၍ သင်တင်ပြသော စာရွက်စာတမ်းတစ်ခုခုကို Mother Finance မှ အတည်ပြုစစ်ဆေးလို့မရခဲ့လျှင် သင်၏ချေးငွေလျှောက်လွှာကို ပယ်ချနိုင်ပါသည်။ ချေးငွေလျှောက်လွှာပယ်ချခံရပါက ပယ်ချရသည့်အကြောင်းရင်းကို သင့်ထံသို့ အကြောင်းကြားပေးမည် ဖြစ်ပါသည်။
ငွေပေးဆပ်ရမည့်နေ့ကို ပြောင်းလဲလို့ရပါသလား။
ပြောင်းလဲလို့ မရသေးပါ။ ချေးငွေပြန်လည်ပေးဆပ်နေသည့်အချိန်ကာလတစ်လျှောက်လုံးတွင် ငွေပေးချေရမည့်နေ့မဟုတ်ဘဲ အဆင်ပြေသည့်နေ့တွင် ပေးချေနိုင်ပါသည်။.
ဘယ်လိုလူများက ငွေချေးလို့ ရပါသလဲ။
ငွေချေးသူသည် မြန်မာနိုင်ငံသားဖြစ်ပြီး အောက်ပါအချက်များနှင့် ပြည့်စုံရပါမည်။

  • ဘဏ်စာရင်း
  • နိုင်ငံသား စီစစ်ရေးကတ်ပြား
  • ထောက်ခံသူ ၂ ဦး
  • အိမ်ထောင်စု စာရင်း
  • မြို့နယ်ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ
  • ဝန်ထမ်းကဒ် နှင့် ဝန်ထမ်းဖြစ်ကြောင်း သက်သေ (ရှိပါက)

အရည်အချင်းကန့်သတ်ချက်များပေါ်မူတည်၍ ကျပ် ၅၀,၀၀၀ မှ ကျပ် ၅,၀၀၀,၀၀၀ ထိ ချေးငွေ လျောက်ထားနိုင်ပါသည်။
ဘယ်လိုချေးငွေ အမျိုးအစားတွေ ရှိပါသလဲ။
ချေးငွေသက်တမ်း (၆)လအထိရှိသော အတိုးနှုန်းပုံသေသတ်မှတ်ထားသည့် အာမခံပစ္စည်းမဲ့ ချေးငွေများကို ကျပ်၅၀,၀၀၀ မှ ကျပ် ၅,၀၀၀,၀၀၀ ထိ လျောက်ထားနိုင်ပါသည်။
လိပ်စာတိုက်ဆိုင်စစ်ဆေးခြင်းဆိုတာ ဘာလဲ။
Mother Finance သို့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ အတုတင်ပြခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် ချေးငွေလျှောက်ထားသူများ၏ နေရပ်လိပ်စာကို ရပ်ကွက်သို့မဟုတ်မြို့နယ်ရဲစခန်းမှတဆင့် စစ်ဆေးမှုများ ပြုလုပ်ရပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျွနု်ပ်တို့၏ဝန်ထမ်းကို သင့်နေရပ်လိပ်စာသို့ သွားရောက်စုံစမ်းစေခြင်း၊ သင်၏အလုပ်ရှင်ထံမှ စုံစမ်းမေးမြန်းခြင်းနှင့် အခြားသူများအားမေးမြန်းခြင်း စသည့် နည်းလမ်းမျိုးစုံကို အသုံးပြုပါသည်။
Mother Finance ၏ချေးငွေပေးဆပ်နိုင်မှု လေ့လာချက် ဆိုတာ ဘာလဲ။
ချေးငွေလျှောက်လွှာများအားလုံးကို Mother Finance ၏ ချေးငွေပေးဆပ်နိုင်မှု အဆင့်သတ်မှတ်ချက်များ သတ်မှတ်ပါသည်။ ထိုအဆင့်သတ်မှတ်ချက်များသည် လျှောက်ထားသူအားလုံးအတွက် တသမတ်တည်း ဖြစ်ပါသည်။.
အတိုးနှုန်းနှင့် တစ်နှစ်သတ်မှတ်ရာခိုင်နှုန်း (APR) ဘယ်လိုကွာခြားပါသလဲ။
အတိုးနှုန်းမှာ ချေးငွေအတွက် တစ်နှစ်တာသတ်မှတ်ထားသောနှုန်းဖြစ်ပြီး ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိပါသည်။ အတိုးနှုန်းထဲတွင် ချေးငွေအတွက် ဝန်ဆောင်ခနှင့် အခြားအခကြေးငွေများ မပါဝင်ပါ။

တစ်နှစ်သတ်မှတ်ရာခိုင်နှုန်းတွင် ချေးငွေချေးယူခြင်းအတွက် တစ်နှစ်တာ ကုန်ကျစရိတ်စုစုပေါင်းကို ထည့်သွင်းထားပြီး ချေးငွေစတင်ချေးယူရန်လိုအပ်သော ဝန်ဆောင်ခများ ပါဝင်ပါသည်။
Mother Finance ကို ဘယ်လို စည်းကမ်းသတ်မှတ်ထိန်းချုပ်ပါသလဲ။
Mother Finance Co., Ltd (ကုမ္ပဏီမှတ်ပုံတင်အမှတ် ၂၂၆၃/၂၀၁၄-၂၀၁၅) ဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်တည်ထောင်ထားပြီး ဘဏ်မဟုတ်သော ငွေကြေးလုပ်ငန်းလိုင်စင် (NBFI/FC(R) -11/08/2016) ရရှိထားပါသည်။ ငွေကြေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စစ်ဆေးအကဲဖြတ်မှု၊ ညွှန်ကြားချက် နှင့် စုံစမ်းစစ်ဆေးမှုများကို လစဉ်လိုက်နာဆောင်ရွက်ရပါသည်။
Mother Finance ၏ မူဝါဒများကို ဘယ်မှာ လေ့လာလို့ ရပါသလဲ။
ချေးငွေလျှောက်ထားသူများသည် mobile application platform ကို Download မရယူမီ အသုံးပြုသူအတွက် စည်းကမ်းချက်များကို ဦးစွာ နားလည်လက်ခံထားရန် လိုအပ်ပါသည်။ ထိုမူဝါဒများကို ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ဖတ်ရှုနိုင်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များကို တစ်ပါးသူသို့ ပြန်လည်ရောင်းချခြင်း/ အသိပေးခြင်း ရှိပါသလား။
Mother Finance မှ သင်၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းပေးထားရန် အခိုင်အမာ တာဝန်ယူပါသည်။ ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အထူးအလေးထားပါသည်။ ကျွနု်ပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒများကို လေ့လာဖတ်ရှုနိုင်ပါသည်။
Mother Finance မှ အကြောင်းကြားစာကို ဘယ်လိုလက်ခံရရှိပါမလဲ။
သင်စာရင်းသွင်းချိန်တွင် ဖြည့်စွက်ထားသော ဖုန်းနံပါတ်သို့ ကျွနု်ပ်တို့၏ ဝန်ဆောင်မှုဌာနမှ တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပါမည်။ mobile application platform ၏ account overview စာမျက်နှာရှိ စာအဝင်လက်ခံရာနေရာသို့လည်း အကြောင်းကြားစာများ ပေးပို့ပြီး အကြောင်း ကြားပေးမည် ဖြစ်ပါသည်။ mobile application platform ၏ စာအဝင်လက်ခံရာနေရာသည် သင့်စာရင်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များရောက်ရှိလက်ခံရာ နေရာဖြစ်သောကြောင့် email အတုများ၊ spam နှင့် scams များ မဝင်ရောက်နိုင်ကြောင်း အာမခံပါသည်။
လစဉ်ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏထက် ပိုပေးလို့ရပါသလား။
ပိုပေးလို့ရပါသည်။ အချိန်မတိုင်မီ အကုန်ပြန်လည်ပေးဆပ်လို့လည်း ရပါသည်။ ထို့အတွက် ဝန်ဆောင်ခကောက်ခံခြင်း မရှိပါ။
ချေးငွေတွင် ဘာအတိုးနှုန်းများ ရှိပါသလဲ။
ချေးငွေ၏ အတိုးနှုန်းများကို Mother Finance ၏ မူပိုင်ငွေကြေးပြန်လည်ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်များနှင့် အခြားအကြောင်းအရာများ ထည့်သွင်းစဉ်းစားပြီး သတ်မှတ်ထားပါသည်။ အတိုးနှုန်းသည် အချိန်ကြာသည့်အခါ အပြောင်းအလဲ ဖြစ်နိုင်ပါသည်
ဖုန်းနံပါတ်ကို ဘယ်လိုအတည်ပြုလို့ ရပါသလဲ။
စာရင်းသွင်းစဉ်က သင်ဖြည့်စွက်ခဲ့သော ဖုန်းနံပါတ်သို့ Mother Finance မှ လုံခြုံရေးကုတ်နံပါတ် ပေးပို့မည်ဖြစ်ပါသည်။ ကနဦးခွင့်ပြုချက်ရရှိရန် ဖုန်းနံပါတ်အပြင် ဖေ့ဘုတ်အကောင့်မှတဆင့်လည်း အတည်ပြုနိုင်ပါသည်။
ငွေပမာဏ ဘယ်လောက်ချေးယူလို့ ရပါသလဲ။
အရည်အချင်းသတ်မှတ်ချက်များပေါ်မူတည်ပြီး အာမခံပစ္စည်းပေးရန်မလိုသည့်ချေးငွေကို ကျပ် ၅၀,၀၀၀ မှ ကျပ် ၅,၀၀၀,၀၀၀ ထိ လျှောက်ထားနိုင်ပါသည်။ ချေးငွေတောင်းခံသူသို့ အများဆုံးချေးပေးနိုင်သော ပမာဏကို ချေးငွေတောင်းခံသူ၏ ချေးငွေပြန်လည်ပေးဆပ်နိုင်မှုလေ့လာချက်အရ သတ်မှတ်ဆုံးဖြတ်ပေးပါသည်။ အချို့အခြေအနေများတွင် အခြားအကြောင်းအရာများကြောင့်လည်း အများဆုံးချေးယူနိုင်သည့် ချေးငွေ ပမာဏ ပြောင်းလဲနိုင်ပါသည်။
ချေးငွေလျှောက်လွှာ သုံးသပ်စစ်ဆေးခြင်း ဆိုတာဘာလဲ။ ဘယ်လောက်ကြာနိုင်ပါသလဲ။
သင်ချေးငွေလျှောက်ထားစဉ်အတွင်း တင်ပြခဲ့သော သတင်းအချက်အလက်များကို Mother Finance မှ စစ်ဆေးသုံးသပ်ခြင်း ဖြစ်ပါသည်။ ထို စစ်ဆေးခြင်းကို သင်၏ ချေးငွေကို အတည်မပြုမီတွင် ပြုလုပ်လေ့ရှိပါသည်။ သင်တင်ပြထားသောစာရွက်စာတမ်းများနှင့် အကြောင်းအရာများကို Mother Finance မှ အချိန်မရွေး စစ်ဆေးအတည်ပြုခွင့် ရှိပါသည်။ Mother Finance မှ သင့်ကို လိုအပ်သောစာရွက်စာတမ်းများ ထပ်မံတောင်းခံခြင်း၊ သင်၏အလုပ်ရှင်နှင့် အာမခံပေးထားသူတို့ကို ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ သင့်ထံမှ ထပ်မံလိုအပ်သော စာရွက်စာတမ်းများ ရှိလာပါကလည်း ချေးငွေလျှောက်လွှာတင်ပြီးသည့်နောက်တွင် သင့်ထံသို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်သည် စာရွက်စာတမ်းများပြည့်စုံစွာ တင်ပြပြီးပါက (၄၈)နာရီခန့် ကြာမြင့်နိုင်ပါသည်။ ချေးငွေလျှောက်လွှာမတင်မီ လိုအပ်သောစာရွက်စာတမ်း အချက်အလက်များအားလုံးကို ပြည့်စုံအောင် ပြုလုပ်ထားသင့်ပါသည်။
လစဉ်ပြန်လည်ပေးဆပ်ငွေကို ဘယ်လိုပေးရပါမလဲ။
လစဉ်ပေးဆပ်ငွေကိုပေးသွင်းရန် နည်းလမ်းများစွာရှိပါသည်။ ချေးငွေယူသူများကို အကြံပြုလိုသည်မှာ Mother Finance မှ သင်၏ဘဏ်စာရင်း ထဲမှငွေကို တိုက်ရိုက်ဖြတ်ယူနိုင်ရန် စာရင်းတစ်ခုဖွင့်ပေးထားရန် ဖြစ်ပါသည်။ ထိုနည်းလမ်းသည် လွယ်ကူရိုးရှင်းပြီး စိတ်ချရသောကြောင့် ကျွနု်ပ်တို့ထံမှ ချေးငွေယူသူများ အသုံးပြုများသော နည်းလမ်းဖြစ်ပါသည်။ ထို့ပြင် လစဉ်ပေးသွင်းငွေကို အချိန်မီပေးသွင်းနိုင်သောကြောင့် နောက်ကျကြေးပေးရခြင်းကိုလဲ ရှောင်လွှဲနိုင်ပါသည်။

Online banking နှင့် internet banking တို့မှလဲ သတ်မှတ်ရက်မတိုင်မီ ငွေလွှဲအမိန့်ပေးထားခြင်းဖြင့် ငွေလွှဲပေးနိုင်ပါသည်။ သို့သော် ဘဏ်စနစ်ပေါ်မူတည်ပြီး ငွေလွှဲပြောင်းရာတွင် နှောင့်နှေးခြင်းများရှိနိုင်သောကြောင့် သတ်မှတ်ရက်မတိုင်မီ ငွေလွှဲအမိန့်ပေးထားရန် လိုအပ်ပါသည်။ ဤ နည်းလမ်းကိုအသုံးပြုပါက သတ်မှတ်ရက်အမှီ ငွေပေးသွင်းရန်မှာ သင့်တာဝန်သာဖြစ်ပါသည်။ သတ်မှတ်ရက်အမှီ ငွေပေးသွင်းနိုင်ရန် တည်မြဲငွေလွှဲပြောင်းအမိန့် (standing instruction) ပေးထားရန် အကြံပြုလိုပါသည်။ သို့မှသာ သတ်မှတ်ရက်တွင် သင့်ဘဏ်စာရင်းထဲမှငွေကို Mother Finance သို့ လွှဲပြောင်းပေးပြီး နောက်ကျကြေးပေးရခြင်းကို ရှောင်လွှဲနိုင်ပါသည်။

ချေးငွေယူသူတွင် MPU card, Ok Dollar, Wave Money အကောင့်များရှိပါကလည်း ထိုအကောင့်များမှတဆင့် လစဉ်ငွေပေးသွင်းခြင်းကို ပြုလုပ်နိုင်ပါသည်။ ထိုအကောင့်များသည် Mother Finance mobile application platform နှင့် ချိတ်ဆက်ထားသောကြောင့် mobile application platform သို့ တိုက်ရိုက်ငွေပေးသွင်းခြင်းသည် လွယ်ကူရိုးရှင်းပြီး စိတ်ချရပါသည်။ ငွေပေးသွင်းသည့်နည်းလမ်းကိုပြောင်းလဲလိုပါက ငွေပေးသွင်းရမည့် သတ်မှတ်ရက်မတိုင်မီ အလုပ်လုပ်ရက် (၃)ရက်အထိ ပြောင်းလဲနိုင်ပါသည်။
Mother Finance မှ ချေးငွေရယူရန် အခြေခံ လိုအပ်ချက်တွေက ဘာတွေပါလဲ။
ချေးငွေလျောက်ထားသူ၏ လျှောက်လွှာကို လက်ခံရရှိပြီးချိန်တွင် Mother Finance သည် ပြင်ပ ချေးငွေသတင်းပေးပို့သည့် အဖွဲ့အစည်းများမှ ချေးငွေလျှောက်ထားသူ၏ ချေးငွေပြန်လည်ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်ချက်ကို တောင်းယူပြီး Mother Finance မှ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပါသည်။ ထို့အပြင် ချေးငွေလျှောက်ထားသူသည် အောက်ပါအချက်များနှင့်လည်း ကိုက်ညီရပါမည်။

  • ချေးငွေနှင့် ဝင်ငွေအချိုးသည် ၅၀% အောက် ရှိရမည်။
  • မြန်မာကျပ် (ဝ) ထက်ပိုသော ဝင်ငွေရှိရမည်။
  • လွန်ခဲ့သော (၁၂)လအတွင်း ဒေဝါလီခံခြင်းနှင့် ပြစ်မှုကျူးလွန်ထားခြင်း မရှိသူဖြစ်ရမည်။


ချေးငွေပြန်လည်လျှောက်ထားသူများတွင် အထက်ပါအချက်များအပြင် အောက်ပါအချက်များ ထပ်မံလိုအပ်ပါသည်။

  • ယခင် Mother Finance ထံမှချေးယူထားသော ချေးငွေများကို ပြန်လည်မပေးဆပ်နိုင်မှုဖြစ်စဉ် မရှိရပါ။
  • လွန်ခဲ့သော (၃)လအတွင်း Mother Finance မှ ချေးငွေပယ်ချခြင်း သို့မဟုတ် ပြစ်မှုတစ်ခုခုကြောင့် ချေးငွေပြန်လည်ရုတ်သိမ်းထားခြင်း မရှိသူဖြစ်ရပါမည်။
လစဉ်ပြန်လည်ပေးဆပ်ငွေကို ဘယ်အချိန်တွင် စသွင်းရပါမလဲ။
ချေးငွေကို လက်ခံရရှိပြီး တစ်လအကြာတွင် ပထမဆုံး လစဉ်ပြန်လည်ပေးဆပ်ငွေကို ပေးသွင်းရပါမည်။ ပြန်လည်ပေးဆပ်ရမည့် သတ်မှတ်ရက်သည် သင်ချေးငွေလက်ခံရရှိသည့်ရက်ဖြစ်ပြီး လစဉ်လတိုင်းထိုနေ့တွင် ငွေပေးသွင်းရပါမည်။ ထိုနေ့သည် သက်ဆိုင်ရာလတွင် သတ်မှတ်လို့မရပါက အနီးဆုံးရက်တွင် ပေးသွင်းရပါမည်။ ဥပမာ - ချေးငွေကို (၃၁)ရက်နေ့တွက် လက်ခံရရှိပါက (၃၁)ရက်မရှိသည့်လများတွင် (၃၀) ရက်နေ့တွင် ပေးသွင်းရပါမည်။
ချေးငွေကို အချိန်စောပြီး အပြီးပေးဆပ်လို့ ရပါသလား။
ရပါသည်။ အချိန်စောပြီး အပြီးပေးဆပ်ခြင်းအတွက် မည်သည့်ဝန်ဆောင်ခမှ ပေးရန်မလိုအပ်ပါ။ ပေးဆပ်ရန်ငွေပမာဏလက်ကျန်ကို သိလိုပါက သင်၏ Mother Finance account သို့ ဝင်ရောက်ပြီး “လက်ကျန်ငွေ” ဆိုသည့်နေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အပြီးပေးဆပ်ရန်ကျန်ရှိသော ငွေပမာဏကို ကြည့်ရှုပြီး ပေးဆပ်မည့်နေ့ရက်ကို သတ်မှတ်ထားလိုပါက “အပြီးပေးဆပ်ရန်” ဆိုသော နေရာတွင် ပေးဆပ်လိုသည့်ရက်စွဲကို သတ်မှတ်ထားနိုင်ပါသည်။ “အပြီးပေးဆပ်ရန် ပမာဏ” ဆိုသည့်ခလုတ်တွင် လက်ကျန်ငွေကို ဖော်ပြထားမည်ဖြစ်ပြီး ပေးဆပ်မည့်နေ့ရက်ကို သတ်မှတ်ထားလိုပါက “ထပ်ဆောင်းငွေလွှဲပေးရန်” ကိုရွေးချယ်ရန် ဖြစ်ပါသည်။”.
ဘယ်သူတွေက အာမခံပေးလို့ ရပါသလဲ။
သင်နှင့် အချိန်အတိုင်းအတာတစ်ခုအထီ ခင်မင်ရင်းနှီးမှုရှိပြီးထားသူဖြစ်ပြီး လစဉ်ပေးဆပ်ရမည့်ငွေကို သင်မပေးနိုင်ပါက သင့်ကိုယ်စားပေးနိုင်သူ တစ်ဦးဦး ဖြစ်ရပါမည်။ အာမခံပေးသူသည် Mother Finance တွင် သင့်အပြင် ချေးငွေယူထားသော အခြားသူတစ်ဦးအား အာမခံပေးထားသူမဖြစ်ရပါ။
ချေးငွေပေးဆပ်မှု နောက်ကျရင် ဘာဖြစ်ပါမလဲ။
ချေးငွေပေးဆပ်မှုနောက်ကျပါက နောက်ကျပေးသွင်းသူအဖြစ်သတ်မှတ်ပြီး နောက်ကျကြေးကောက်ခံပါမည်။
လျို့ဝှက်ဂဏန်း (password) ပြောင်းလဲခြင်း သို့မဟုတ် အကောင့်ဖြည်ခြင်းကို ဘယ်လိုပြုလုပ်ရပါသလဲ။
သင်ပေးထားသော password မေ့သွားပါက “password မေ့သွားခြင်း” ကိုရွေးချယ်ပြီး password အသစ်တောင်းခံနိုင်ပါသည်။ အလားတူပြဿနာ ထပ်မံဖြစ်ပေါ်ပါက အကူအညီပေးရေးဌာနသို့ ဆက်သွယ်နိုင်ပါသည်။
ချေးငွေကို ရုတ်သိမ်းခြင်း ဆိုတာဘာလဲ။
ချေးငွေကို သတ်မှတ်ရက်ထက် (၉၀)ရက်ကျော်လွန်ပြီး (လစဉ်ပေးသွင်းမှု ၃လထက်ကျော်လျှင်) သင့်ချေးငွေကို ရုတ်သိမ်းပါမည်။ ချေးငွေရုတ်သိမ်းခြင်းသည် ချေးငွေကို ပြန်လည်ပေးဆပ်ရန်မလိုတော့ဟု မဆိုလိုပါ။ ချေးငွေကို ပြန်ဆပ်ရန် ဆက်လက်တာဝန်ရှိပါသည်။ ရုတ်သိမ်းပြီးနောက်ပိုင်း ကျန်ရှိနေသောလက်ကျန်ငွေသည် ဆက်လက်ကျန်ရှိနေမည်ဖြစ်ပြီး အတိုးနှုန်းကိုလဲ လက်ကျန်ငွေရင်းပေါ်တွင် ဆက်လက်တွက်ချက်သွား မည် ဖြစ်ပါသည်။ အတိုးနှုန်းပေါ်တွင် အတိုးထပ်မံတွက်ချက်ခြင်း မရှိပါ။ ချေးငွေကို ရုတ်သိမ်းပြီးနောက်ပိုင်း နောက်ကျကြေးပေးဆောင်ရန် မလိုအပ်ပါ။ ချေးငွေရုတ်သိမ်းခံရပြီးပါက Mother Finance မှ ချေးငွေထပ်မံတောင်းခံခွင့် မရှိတော့ပါ။ ထို့ပြင် သင်၏ ချေးငွေပြန်လည်ပေးဆပ်နိုင်မှု အဆင့်တွင်လည်း များစွာထိခိုက်မှု ရှိနိုင်ပါသည်။
လက်ရှိယူထားသော ချေးငွေရှိနေပါက နောက်ထပ်ချေးငွေအသစ်လျှောက်ထားရန် ဘယ်လောက်စောင့်ရန်လိုအပ်ပါသလဲ။
Mother Finance ကိုထပ်မံရွေးချယ်သည့်အတွက် ကျေးဇူးတင်ပါသည်။

  • သင့်အနေနဲ့ ချေးငွေအား ပေးဆပ်ရန် ကြွေးကျန်များရှိနေပါက ချေးငွေပြန်လည် လျှောက်ထားနိုင်မည် မဟုတ်ပါ။
  • ချေးငွေအား အကုန်ပြန်လည်ပေးဆပ်ပြီးသည်ဆိုတာနှင့် ၄၈ နာရီအတွင်း သင့် အနေနဲ့ ချေးငွေအသစ်ကို ပြန်လည်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
  • ချေးငွေပြန်ဆပ်ရာတွင် ပေးသွင်းရမည့် ရက်အတိုင်း မှန်မှန်ကန်ကန် ပေးသွင်းခဲ့ခြင်းမရှိသောသူများကို Mother Finance မှ ချေးငွေအသစ် အတည်ပြုပေးမည်မဟုတ်ပါ။
ကျန်ရှိနေသေးသောချေးငွေပမာဏကို ဘယ်မှာစစ်ဆေးကြည့်ရှုလို့ ရပါသလဲ။
Mother Finance account သို့ sign in ဝင်ရောက်ပါ။ မျှားအတွင်းရှိ “ချေးငွေ” ကိုရွေးချယ်ပြီး လက်ကျန်ချေးငွေပမာဏကို စစ်ဆေးနိုင်ပါသည်။
ချေးငွေလျှောက်လွှာကို ဘယ်လိုပယ်ဖျက်လို့ ရပါသလဲ။
ချေးငွေလျှောက်လွှာကို ချေးငွေအတည်မပြုမီအချိန်ထိ mobile application platform ထဲမှ ဖျက်သိမ်းနိုင်ပါသည်။
ချေးငွေ လျှောက်လွှာအတွက် ဘာစာရွက်စာတမ်းတွေ လိုအပ်ပါသလဲ။
အောက်ပါ စာရွက်စာတမ်းများ ဓာတ်ပုံရိုက်ခဲ့ပြီး တင်ပြရန် လိုအပ်ပါတယ်။ (၁) မှတ်ပုံတင် (၂) ဝန်ထမ်းသက်သေခံကဒ် (၃) အိမ်ထောင်စု စာရင်း (၄) မြို့နယ်/ရပ်ကွက် ရဲစခန်းထောက်ခံစာ။

ထောက်ခံပေးမည့်သူ (၂) ဦးမှ။ (၁) မှတ်ပုံတင် ဓာတ်ပုံ (၂) ဝန်ထမ်းသက်သေခံကဒ် ဓာတ်ပုံများ လိုအပ်ပါတယ်။
Open Messenger conversation